Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အပူပိုင်းမုန်တိုင်းကြောင့် အယ်လ်ဆာဗေးဒိုးတွင် ရေကြီး မြေပြို၊ ၇ ဦးထက်မနည်းသေဆုံး

$
0
0

အပူပိုင်းမုန်တိုင်း အာမန်ဒါကြောင့် အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ ရေကြီးမြေပြိုခဲ့ပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး မာရီယိုဒူရန်က မေလ ၃၁ ရက်မှာ ပြောပါတယ်။ 

သေဆုံးသူတွေထဲ ၈ နှစ်အရွယ် ကလေးတဦးပါဝင်ပြီး  နေအိမ်ပြိုကျရာမှာ သေဆုံးခဲ့တာပါ။ 

လူတဦးကတော့ နံရံပြိုကျလို့ ပိမိသေဆုံးခဲ့ပြီး  တဦးကတော့ မြစ်ရေထဲ မျောပါသေဆုံးတာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ 

မုန်တိုင်း အမန်ဒါရဲ့အကြွင်းအကျန်တွေက အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ ဟွန်ဒူရပ်စ်အနောက်ပိုင်းတို့အပြင် မက္ကဆီကိုနိုင်ငံက တာဘက်စကိုနဲ့ ဗဲရာခရပ်ဇ် ပြည်နယ်တို့ကို တိုက်ခတ်နိုင်လို့ မိုးရေချိန် ၁၀ လက်မကနေ ၁၅ လက်မ အထိ မြင့်တက်မယ်လို့ အမေရိကန်အမျိုးသားဟာရီကိန်းစင်တာ (NHC) က ခန့်မှန်းပါတယ်။

မုန်တိုင်းကြောင့် ဗဟိုအမေရိကနဲ့ မက္ကဆီကိုတောင်ပိုင်းတို့မှာ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ရုတ်တရက် ရေကြီး မြေပြိုတွေ ရက်ပေါင်းများစွာ ဖြစ်နေမယ်လို့ NHC က ခန့်မှန်းထားပါတယ်။ 

The post အပူပိုင်းမုန်တိုင်းကြောင့် အယ်လ်ဆာဗေးဒိုးတွင် ရေကြီး မြေပြို၊ ၇ ဦးထက်မနည်းသေဆုံး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles