Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပုဂံတွင် ကျင်းပမည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ကိုဗစ်-၁၉ ကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်း

$
0
0

မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ကျင်းပမယ့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ကို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လာမယ့်နှစ်မှာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်ကြောင်း မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး(အမ်တီစီအို)က ထုတ်ပြန်ပါတယ်။

ဒီဖိုရမ်ကို အရင်က မေလ ၃၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကြောင့် လာမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ရွှေ့ဆိုင်းကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

လတ်တလော ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ချက်တွေအပါအဝင် လူပေါင်း ၃၀၀ ကျော်လောက် တက်ရောက်ကြမယ့် ဖိုရမ်ကျင်းပမှုဟာ ခုလိုကာလမျိုးမှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

       မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးတွေနဲ့ မဲခေါင်ခရီးသွား လုပ်ငန်း ဖိုရမ်ကို အဖွဲ့ဝင်နိုင်ငံတွေမှာ အလှည့်ကျကျင်းပနေတာဖြစ်ပြီး ခုလာမယ့် ၄၅ ကြိမ်မြောက် ဖိုရမ်ကတော့ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။

ပုဂံဒေသဟာ သိပ်မကြာသေးခင်ကမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဒေသတခုအနေနဲ့  ယူနက်စကိုအဖွဲ့ရဲ့ အသိအမှတ်ပြုရွေးချယ်ခံထားခဲ့ရတာမို့ ခုလိုကျင်းပခွင့်ရတာက မြန်မာနိုင်ငံရဲ့ ခရီးသွားပုံရိပ်ကို နိုင်ငံတကာခရီးသွားတွေကြားမှာ မြှင့်တင်နိုင်ဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။

The post ပုဂံတွင် ကျင်းပမည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ကိုဗစ်-၁၉ ကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်း appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles