ရုရှားမြောက်ပိုင်း အာတိတ်ဒေသ မြစ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လောင်စာယိုဖိတ်မှုကို ကယ်ဆယ်ဖို့ ဇွန် ၅ ရက်က ကျွမ်းကျင်သူတွေ ပြင်ဆင်နေပါတယ်။
အဲဒီယိုဖိတ်မှုကို ဂရင်းပိစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ၁၉၈၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အက်ဇွန်ဗန်ဒက်ဇ် ရေနံယိုဖိတ်မှုနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
ရုရှားမြောက်ပိုင်း နောရိစ်မြို့အနီး လောင်စာယိုဖိတ်မှုမှာ မြစ်တွေထဲကို လောင်စာ တန်ချိန် ၁ သောင်းခွဲ ယိုဖိတ်ခဲ့သလို အောက်ခံမြေဆီလွှာထဲကို တန်ချိန် ၆,၀၀၀ ခန့် စိမ့်ဝင်ခဲ့တာပါ။
လောင်စာဆီယိုဖိတ်မှုအတွက် သမ္မတပူတင်က အဲဒီဒေသမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး မှားယွင်းတုံ့ပြန်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသအကြီးတန်း ပုဂ္ဂိုလ်တဦးကို ဆူပူကြိမ်းမောင်းခဲ့ပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် နက်ရှိုင်းမြေလွှာ အရည်ပျော်ရာကနေ ဓာတ်အားပေးစက်ရုံ လောင်စာကန် အောက်ခြေ ပျက်စီးခဲ့ပြီး ဖိအားလျော့နည်းကာ ဒီဇယ်ဆီတွေ မြစ်ထဲ ယိုဖိတ်သွားတယ်လို့ နော်ရိစ်နစ်ကယ် သတ္တုတွင်းကုမ္ပဏီက ပြောပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် အာတိတ်ဒေသ ရေခဲပြင်ဟာ တခြားကမ္ဘာ့နေရာတွေထက် ပိုမြန်မြန်အရည်ပျော်နေပြီး နက်ရှိုင်းမြေလွှာမှာ တည်ဆောက်ထားတဲ့ အခြေခံ အဆောက်အအုံတွေပေါ် ခြိမ်းခြောက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ သတိပေးထားတာကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
The post မြစ်အတွင်း လောင်စာဆီ ယိုဖိတ်မှု ရုရှားကျွမ်းကျင်သူများ ပြင်ဆင် appeared first on DVB.