Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ချောက်မြို့နယ်တွင် ရွာလုံးကျွတ် သစ်ပင်စိုက်ပျိုး

$
0
0

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်မြောက် မွေးနေ့အကြိုအဖြစ် မကွေးတိုင်း၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာအုပ်စု၊ ရေတွင်းချိုင့်ကျေးရွာမှာ  ဇွန် ၁၀ ရက်နေ့ မနက်ပိုင်းက ရွာလုံးကျွတ်စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ချောက်မြို့ဟာ အပူချိန်မြင့်မားနေတဲ့အတွက် အပူချိန်လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ် ပေါ်ပေါက်လာစေဖို့အတွက် ရည်ရွယ်ပြီး အိမ်တိုင်းမှာ အရိပ်ရ သစ်ပင်စိုက်ပျိုးကြတာလည်း ဖြစ်ပါတယ်။

ချောက်မြို့ သယံဇာတထုတ်ယူသုံးစွဲမှုကော်မတီ တာဝန်ခံ ဒေါ်ပွင့်လွှာဝင်းက “ကျမတို့ ဒီရွာလေးက မြို့နဲ့‌မေးတင်ပြီး ဖွံ့ဖြိုးမှုနောက်ကျတဲ့ရွာလေး ဖြစ်ပါတယ်။ ဒီရွာလေးက သဘာဝသစ်ပင် ပေါက်ရောက်မှုနည်းတဲ့ ကန္တာရပင်တွေပဲ ပေါက်နေတဲ့အတွက် အစားထိုး သစ်ပင်စိုက်ပျိုးတာ ဖြစ်ပါတယ်။ ဝိုင်းကျယ်တဲ့အိမ်တွေမှာ ပျိုးပင် ၁၀ ပင်၊ ၁၅ ပင်၊ ဝိုင်းကျဉ်းတဲ့ အိမ်ကို ပျိုးပင် ၅ ပင် ရှင်အောင် စိုက်ပျိုးပေါ့။ ပထမဆုံးအကြိမ် ရွာလုံးကျွတ် သစ်ပင်စိုက်ပျိုးတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

ရွာလုံးကျွတ် သစ်ပင်စိုက်ပျိုးတာကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ သစ်တောဦးစီးမှူး ဦးဟန်မင်းထွန်း၊ ချောက်မြို့ အပူချိန်လျှော့ချရေး သစ်ပင်စိုက်ပျိုးရေးကော်မတီ ဦးမိုးကျော် အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ရွာသူရွာသားတွေ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။

ရေတွင်းချိုင့်ကျေးရွာရှိ ရွာဦးစေတီ၊ ဘုန်းတော်ကျောင်း ပတ်ဝန်းကျင်နေရာတွေနဲ့ ကျေးရွာ အိမ်ခြေ ၆၃ အိမ်မှာ သစ်တောဦးစီးဌာနက ပေးဝေတဲ့ ယင်းမာ ၄၀၀ ပင်၊ ဗာဒံ ၁၀ ပင်၊ မန်ကျည်း ၂၀ ပင်၊ တမာ ၂၀၀ ပင်၊ ယူကလစ် ၂၀ ပင်၊ လျှော်ဖြူ ၁၀ ပင်၊ ကုက္ကို ၁၀ ပင်၊ ဝါး ၂၀ ပင်၊ မယ်ဇလီ ၁၀ ပင်၊ စုစုပေါင် ပျိုးပင် ၇၀၀ စိုက်ပျိုးခဲ့တာပါ။

ချောက်မြို့နယ် အပူချိန်လျှော့ချရေးကော်မတီကလည်း ပြီးခဲ့တဲ့နှစ်က သစ်ပင် ၅,၀၀၀ ကျော် စိုက်ပျိုးထားပြီး ဒီနှစ်မှာလည်း တိုးချဲ့ စိုက်ပျိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)

The post ချောက်မြို့နယ်တွင် ရွာလုံးကျွတ် သစ်ပင်စိုက်ပျိုး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles