Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပါကစ္စတန်နိုင်ငံထဲမှာ နေရပ်ရွှေ့ပြောင်း ပျံသန်းလေ့ရှိသည့် ငှက်များ ပိုမိုရောက်ရှိလာ

$
0
0

ပါကစ္စတန်နိုင်ငံထဲမှာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် အသွားအလာ ကန့်သတ်ထားချိန် ငှက်ဖမ်းသမားတွေနဲ့ ဝေးနေတဲ့အတွက်  နေရပ်ရွှေ့ပြောင်း ပျံသန်းလေ့ရှိတဲ့ ငှက်တွေ အုပ်လိုက် ရောက်လာပါတယ်။

ရုရှားမြောက်ပိုင်း ဆိုက်ဘေးရီးယားဒေသကနေ အိန္ဒိယနိုင်ငံဆီကို ပျံသန်းလေ့ရှိတဲ့ ငှက်ကောင်ရေ ၁ သန်းလောက်ဟာ ပါကစ္စတန်နိုင်ငံကို နှစ်စဉ် ဖြတ်ကျော်ပျံသန်းရင်း ခရီးတထောက်နားလေ့ ရှိပါတယ်။

နိုင်ငံအရှေ့တောင်ပိုင်း ဆင်းဒ်ပြည်နယ်ကို ရောက်လာတဲ့ငှက်တွေထဲမှာ ကြိုးကြာ၊ ငှက်ကြီးဝန်ပို၊ ဘဲခေါင်းစိမ်းနဲ့ ကြာဖက်နင်းငှက်တို့လည်း ပါပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေက ငှက်တွေ အခြေကျဖို့ အကူအညီရတယ်။ ငှက်တွေ ဒီနှစ် ပိုကြာကြာနေတယ်လို့ သားရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာ အာမာအလီရစ်ဗီက ပြောပါတယ်။

ဆင်းဒ်ပြည်နယ်မှာ သားရိုင်းဘေးမဲ့တော ၃၃ ခုနဲ့ အမျိုးသားဥယျာဉ်တခုရှိလို့ ငှက်မျိုးစိတ် ၃၀၀ ကျော်ရဲ့ ခိုလှုံရာလည်း ဖြစ်နေပါတယ်။

ဆင်းဒ်ပြည်နယ်မှာ ကောက်ခံတဲ့စစ်တမ်းအရ မနှစ်ကထက် ဒီနှစ် ငှက်ကောင်ရေ ၃ ဆ ပိုရောက်လာတယ်လို့ ဆင်းဒ်ပြည်နယ် သားရိုင်းဌာန ခရိုင်ထိန်းသိမ်းရေးမှူးက ပြောပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ သားရိုင်း တရားမဝင် ကုန်သွယ်မှုလည်း မရှိတော့ဘူးလို့ သူက ပြောပါတယ်။

လော့ဒေါင်းချပြီးကတည်းက သားရိုင်း ထောင်ချောက်ဆင် ဖမ်းတာ၊ တရားမဝင် ကုန်သွယ်တာ အမဲလိုက်တာတွေ အပါအဝင် ရာဇဝတ်မှုတွေကို မှတ်တမ်းမရတော့ဘူးလို့လည်း သူက ပြောပါတယ်။

ပါကစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ၃,၀၀၀ ကျော်ပြီး မတ်လတည်းက အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းချထားပါတယ်။

The post ပါကစ္စတန်နိုင်ငံထဲမှာ နေရပ်ရွှေ့ပြောင်း ပျံသန်းလေ့ရှိသည့် ငှက်များ ပိုမိုရောက်ရှိလာ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ရခိုင်လူမျိုး နှင့် “မောဂ်”ဟူသော ဝေါဟာရ အမည်၏ ဇစ်မြစ်များ ဖြစ်တည် လာရာ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ချစ်စရာ့ မြန်မာ့ဓလေ့


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


တာနောယက္ခ


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


TTA Oreo Gapp Installer


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...