တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ အဆက်မပြတ်မိုးကြီးနေမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်နေပြီး အနည်းဆုံး လူ ၁၁ သန်းလောက် ထိခိုက်နေပါတယ်။
အနောက်တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ ကွေ့ကျိုးဟာ အထိခိုက်ဆုံးဖြစ်ပြီး ဆန်ဒူခရိုင်နေရာအနှံ့မှာဆိုရင် ဇွန်လ ၂၄ ရက်က ၁ နာရီအတွင်း မိုးရေချိန် ၁၈၀ မီလီမီတာ ရွာခဲ့ပါတယ်။ ဒါ့ကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။
ခါးလည်အထိ ရေကြီးခဲ့ပြီး တော်တော်ဆိုးဝါးတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
ဇွန်လဆန်းကစလို့ တရုတ်အရှေ့တောင်ပိုင်းနေရာတော်တော်များမှာ အဆက်မပြတ်မိုးကြီးမှု ကြောင့် ထိခိုက်ခံဒေသတွေထဲက မြစ်ရေတော်တော်များများဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ပါ တယ် ။
ရေကြီးမှုကြောင့် တရုတ်အရှေ့ပိုင်း ကျန်ဇီးပြည်နယ်က ကျီအန်ခရိုင်မှာလည်း လူပေါင်း ၈,၅၁၇ ဦးကို ကယ်တင်ပေးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
The post တရုတ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး မြေပြို appeared first on DVB.