Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အိန္ဒိယပြည်နယ် ၂ ခုတွင် မိုးကြိုးပစ်ခံရ၍ လူ ၁၀၀ ကျော်သေဆုံး

$
0
0

အိန္ဒိယနိုင်ငံပြည်နယ် နှစ်ခုမှာ ၂ ရက်အတွင်း မိုးကြိုးပစ်လို့ လူပေါင်း ၁၀၀ ကျော် သေဆုံးတယ်လို့  ပြည်နယ်ဝန်ကြီးချုပ်ရုံးတွေက ဇွန် ၂၅  ရက်မှာ ပြောဆိုပါတယ်။  

မိုးကြိုးပစ်လို့ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ  ၈၃ ယောက် သေဆုံးပြီး လူဦးရေ အထူထပ်ဆုံး ဥတာပရာဒေ့ရှ် ပြည်နယ်မှာ  ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

 ဒါ့အပြင် ဥတာပရာဒေ့ရှ်ပြည်နယ်မှာ ဒဏ်ရာရသူ အယောက် ၂၀ ရှိတယ်လို့လည်း ပြည်နယ် ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ 

ဘီဟာပြည်နယ်မှာတော့ ဒဏ်ရာရသူ အရေအတွက် စာရင်းကို မသိရသေးဘူးလို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ 

မိုးကြိုးပစ်လို့ သေဆုံးသူ တဦးစီအတွက် ဆွေမျိုးသားချင်းတွေကို လျော်ကြေးငွေ ရူပီး ၄ သိန်းစီ ပေးအပ်သွားမယ်လို့ ပြည်နယ်အစိုးရ နှစ်ခုစလုံးက ကြေညာခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံမှာ မိုးရာသီကာလအတွင်း မိုးကြိုးပစ်တာတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။ 

 

The post အိန္ဒိယပြည်နယ် ၂ ခုတွင် မိုးကြိုးပစ်ခံရ၍ လူ ၁၀၀ ကျော်သေဆုံး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles