Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဝေဘူလတောင်ဒေသ သတ္တုစီမံကိန်းကို ကလေးခရိုင် အထူးစုံစမ်းရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

$
0
0

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် နဲ့ ချင်းပြည်နယ် ဖလမ်းခရိုင်တို့ ဆက်စပ်နေတဲ့ ဝေဘူလတောင် ဒေသ သတ္တုသယံဇာတ တူးဖော်ရေး စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်နေတာကြောင့် ကလေးခရိုင်စီမံခန့်ခွဲမူကော်မတီ စစ်ဆေးရေးအဖွဲ့က ဇူလိုင် ၇ ရက်နေ့မှာ သွားရောက် စုံစမ်းစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ သက်ဆိုင်တဲ့ သတ္ထုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်နဲ့တိုင်းရဲ့ ခွင့်ပြုချက်တွေ မရှိဘဲ လုပ်ဆောင်နေတာ တွေ့ရှိခဲ့တယ်လို့ စစ်ဆေးရေးမှာပါဝင်တဲ့ အထက်ချင်းတွင်း လူငယ်ကွန်ရက် ဒါရိုက်တာ ကိုကျော်သက်ဝင်းက ပြောပါတယ်။

“အဆောက်အဦတွေ ရှိတယ်။ အထောက်အထားလည်း မရှိဘူး။ ဒါကြောင့် ဖျက်ခိုင်းပြီး သက်ဆိုင်ရာကို ဆက်လက်စုံစမ်းဖို့ ဆောင်ရွက်ခဲ့တယ်။”

စစ်ဆေးတဲ့အဖွဲ့မှာ ကလေးခရိုင် မြို့နယ် စီမံခန့်ခွဲမူကော်မတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမူဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ MATA ကလေးခရိုင် ကိုယ်စားလှယ်များ၊ အထက်ချင်းတွင်းကွန်ရက်က တာဝန်ရှိသူတွေ၊ သယံဇာတနှင့် မြေယာအရေး လှုပ်ရှားသူတွေ ပါဝင်တယ်လို သိရပါတယ်။

 ဝေဘူလတောင်ဒေသ သတ္တုသယံဇာတ တူးဖော်မူ စီမံကိန်းကို အစိုးရအနေနဲ့ ဒေသခံသတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြဖို့၊ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိဖို့နဲ့ ဒေသခံတွေရဲ့ သဘောထားကို မျက်ကွယ်မပြုဖို့ စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်း ဝေဘူလတောင်ခြေရှိ ငါးဖာကျေးရွာအုပ်စု၊ ထောက်ကြံအုပ်စု၊ နတ်ချောင်းအုပ်စု၊ ခုံတိုးမြို့သာ စတဲ့ကျေးရွာအုပ်စုတွေက ဒေသခံတွေ လိုလားနေကြတာပါ။

ဒီစီမံကိန်းကို ဦးဆောင်ကန့်ကွက်သူတဦးဖြစ်တဲ့ ထောက်ကြန့်ရွာနေ ကိုအောင်ကျော်လင်းက “တကယ်လို့ ဒီလိုသာ ဆက်လုပ်မယ်ဆိုရင် ကျနော်တို့ ရွာပေါင်းသုံးဆယ်ကျော်လောက်က အဓိက ရေခက်ခဲမယ်။ ခုတောင် ရေခန်းနေပြီ။ ပြီးတော့ လုပ်တာကို ဘာမှလည်း မသိရဘူး။ သူတို့ အဆောက်အအုံတွေ ဆောက်တော့မှ သိရတယ်။ ဒါကြောင့် ကျနော်တို့ကန့်ကွက်ကြတာ” လို့ ပြောပါတယ်။

ဝေဘူလတောင်ဒေသ သတ္တုသယံဇာတ တူးဖော်မှု စီမံကိန်းကို ဖိုးလမင်းသာသာ ကုမ္ပဏီက လုပ်ဆောင်နေတာလို့ သိရပါတယ်။

မင်းရဲစစ်နိုင်

The post ဝေဘူလတောင်ဒေသ သတ္တုစီမံကိန်းကို ကလေးခရိုင် အထူးစုံစမ်းရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles