Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တောင်ကိုရီးယား LG ကုမ္ပဏီအရာရှိအပါအဝင် ၁၂ ဦးကို အိန္ဒိယရဲ ထိန်းသိမ်း

$
0
0

တောင်ကိုရီးယားကုမ္ပဏီ LG Polymers က တောင်ကိုရီးယားလူမျိုး အမှုဆောင်အရာရှိတယောက်အပါအဝင် ၁၂ ယောက်ကို ဇူလိုင်လ ၈ ရက်မှာ ထိန်းသိမ်းထားတယ်လို့ အိန္ဒိယရဲဖွဲ့က ပြောလိုက်ပါတယ်။

 အိန္ဒိယတောင်ပိုင်းက LG Polymers ရဲ့ ဓာတုစက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်လို့ လူသေမှု ဖြစ်ပြီး ၂ လအကြာမှာ ခုလို ဖမ်းလိုက်တာပါ။

မေလ ၇ ရက်က အဆိပ်သင့် ဆာရင်းဓာတ်ငွေ့တွေ ဓာတုစက်ရုံကနေ ယိုစိမ့်ခဲ့လို့ အိပ်ပျော်နေတဲ့ လူအများအပြား  အသက်ရှူကြပ်ပြီး ၁၂ ယောက် သေဆုံးပါတယ်။

 တရားရုံးက ပြစ်မှုထင်ရှားကြောင်း အတည်ပြုခဲ့ရင် စွဲချက်တွေဟာ ထောင်ဒဏ် ၈ နှစ်အထိ ကျခံရနိုင်တယ်လို့ အခင်းဖြစ်ပွားရာ ဝိသာခါပတ်နမ်မြို့က ရဲမင်းကြီး ရာဂျိဗ် ကူးမား မီးနာက ပြောပါတယ်။

 အစိုးရက ခန့်အပ်ထားတဲ့ စစ်ဆေးရေးကော်မတီက ဒီစက်ရုံကို လူနေရပ်ကွက်နဲ့ ဝေးရာကို ရွှေ့သင့်တယ်လို့ ထောက်ခံချက်ပေးခဲ့ပြီး ထိပ်ပိုင်းဝန်ထမ်းတွေကို အရေးယူဖို့ ဒီသီတင်းပတ်ထဲမှာ ဆော်သြခဲ့ပါတယ်။

 LG Polymers ဟာ နမော်နမဲ့နိုင်ပြီး သတိပေးမှု စနစ်တွေက အလုပ်မလုပ်ဘူးလို့လည်း ကော်မတီက ပြောပါတယ်။

 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေး အသွားအလာကန့်သတ်ထားလို့ အလုပ်ဝင်တဲ့ ဝန်ထမ်းတွေ လျှော့ထားချိန်မှာ ယိုစိမ့်မှု မတိုင်ခင်က စက်ရုံတွင်း အန္တရာယ်ရှိတဲ့ ဓာတုဓာတ်ပြုမှု တွေကို ကုမ္ပဏီက လျစ်လျူရှုထားတယ်လို့လည်း ကော်မတီက ပြောပါတယ်။

 ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာ သတင်းဌာနရဲ့ တောင်းဆိုချက်ကို LG Polymers က ဘာမှ မျှဝေစရာ မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

The post တောင်ကိုရီးယား LG ကုမ္ပဏီအရာရှိအပါအဝင် ၁၂ ဦးကို အိန္ဒိယရဲ ထိန်းသိမ်း appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles