Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဂျပန်အနောက်တောင်ပိုင်းတွင် ရေကြီးမြေပြို၍ လူဒါဇင်ချီ သေဆုံး

$
0
0

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်အတွင်း ရေကြီး မြေပြို တာတွေကြောင့် လူဒါဇင်ချီ သေဆုံးခဲ့ပါတယ်။

 ဇူလိုင်လ ၈ ရက်မှာတော့ ဂျပန်အနောက်တောင်ပိုင်းက ဒေသခံတွေ ရှင်းလင်းရေး လုပ်ငန်း တွေ လုပ်ဆောင်နေကြပါတယ်။

ဟိတိုယိုရှိဒေသမှာ ကုမငါ့ဝါ့မြစ်က ဆိုးဆိုးရွားရွား ရေလျှံခဲ့လို့ မြစ်ကမ်းပါးက အိမ်တွေ ပျက်စီးခဲ့ပါတယ်။

လမ်းတွေပေါ်မှာ အိမ်အပျက်အစီး အပိုင်းအစတွေ တန်းစီနေပြီး ဒေသခံတွေက ရွှံ့တွေ အမှိုက်သရိုက်တွေကို ရှင်းနေကြပါတယ်။

ဇူလိုင် ၈ ရက်အထိ အတည်ပြုချက်အရ ရေကြီးမှုကြောင့် ဟိတိုယိုရှိ ဒေသက လူ ၁၈ ယောက် အပါအဝင် လူ ၅၉ ယောက် သေဆုံးခဲ့သလို လူ ၁၇ ယောက် ပျောက်နေဆဲပါ။

 ဂျပန်အလယ်ပိုင်း နာငါ့နိုနဲ့ ဂိဖှုဒေသတွေမှာ လောလောဆယ် မိုးကြီးနေပါတယ်။

 ဂျပန်မိုးလေဝသပညာရှင်တွေက ဇူလိုင် ၈ ရက် မနက်ပိုင်းက အဲဒီဒေသမှာ မိုးကြီးမှု အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပေမယ့် နောက်ပိုင်းမှာတော့ သတိပေးချက်အဆင့်ကို ပြန်လျှော့ချခဲ့ပါတယ်။

 မြစ်ရေက တက်နေဆဲ ဖြစ်လို့ ဒေသခံတွေ သတိနဲ့ နေကြဖို့ အရာရှိတွေက ဒေသခံတွေကို တပ်လှန့်ထားပါတယ်။

The post ဂျပန်အနောက်တောင်ပိုင်းတွင် ရေကြီးမြေပြို၍ လူဒါဇင်ချီ သေဆုံး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles