တရုတ်နိုင်ငံမြောက်ပိုင်း ဟော်ပေပြည်နယ်၊ တန်ရှန်းမြို့မှာ ပြင်းအား ၅ ဒဿမ ၁ အဆင့်ရှိ တဲ့ ငလျင်တခု ဇူလိုင်လ ၁၂ ရက် မနက်အစောပိုင်းက လှုပ်ခတ်သွားခဲ့ပါတယ်။
တန်ရှန်းမြို့မှာ နေတဲ့ဒေသခံတွေကတော့ ငလျင်လှုပ်ခတ်ချိန် သုံးစက္ကန့်ကနေ ငါးစက္ကန့် အတွင်း ကြာခဲ့တယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုကို မြို့တော် ပေကျင်းနဲ့တီယန်ကျန်းတို့မှာလည်း ခံစားခဲ့ရပါတယ်။
ငလျင်ကြောင့် တချို့ဒေသတွေမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ သောက်သုံးရေ စနစ်တွေ ပျက်စီးခဲ့ရပါတယ်။
၁၉၇၆ ခုနှစ် ဇူလိုင်လ ၂၈ က လှုပ်ဖူးတဲ့ ပြင်းအား ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြောင့် တန်ရှန်း မြို့မှာ လူ ၂ သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရဖူးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
The post တရုတ်နိုင်ငံမြောက်ပိုင်းတွင် ပြင်းအား ၅.၁ အဆင့်ရှိ ငလျင်လှုပ် appeared first on DVB.