Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တရုတ်တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ  ၃၄ သန်းခန့်ရှိ

$
0
0

တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာတဲ့အတွက် ရေကြီးရေလျှံတာတွေ ဖြစ်ပြီး လူပေါင်း ၃၄ သန်းလောက် ရေဘေးသင့် နေပါတယ်။ 

လာမယ့်ရက်တွေအတွင်းမှာလည်း မိုးပိုကြီးလာနိုင်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင်လ ၁၂  ရက်မှာ ဖော်ပြပါတယ်။ 

တရုတ်အနောက်တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ကွမ်ရှီး၊ စီချွမ်၊ ကျန်စီးပြည်နယ်တို့မှာ လည်း ရေကြီးနေပါတယ်။ 

ကျန်းရှီးပြည်နယ်မှာ  ဇူလိုင် ၁၁ ရက်အထိ ရေဘေးကြောင့် လူ ၅ ဒဿမ ၂ သန်း ထိခိုက်ခဲ့ ပါတယ်။ 

လယ်ယာမြေနဲ့စိုက်ခင်းတွေ ဟက်တာ ၄ ဒဿမ ၅၆ သန်းကျော် ထိခိုက်ခဲ့ရပြီး နေအိမ်တွေလည်း ၉၈၈ လုံးအထိ ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းမျာ ဖော်ပြပါတယ်။

 ရေဘေးသင့်ဒေသတွေမှာ ကပ်ဘေးသက်သာရေး အမေရိကန် ဒေါ်လာ ၄၄ ဒဿမ ၂သန်း တန် ရံပုံငွေကို ချထားပေးပြီးပြီလို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC)က ဇူလိုင် ၁၁ ရက်မှာ ပြောခဲ့ပါတယ်။ 

The post တရုတ်တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ  ၃၄ သန်းခန့်ရှိ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles