Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေဖိအားနည်းရပ်ဝန်း ဩရိဿပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်

$
0
0

ဒီနေ့မနက် ၅ နာရီခွဲတိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီလို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာတော့ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေ ပြင်းများကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေကနေ ‌၉ ပေလောက်အထိ ရှိနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီ မိုင် ၃၀ ကနေ‌ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။။

နောက်  ၂ ရက်အတွက်ခန့်မှန်းချက်အရလည်း မုတ်သုံလေ အားအသင့်အတင့်ရှိမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

The post လေဖိအားနည်းရပ်ဝန်း ဩရိဿပြည်နယ်မြောက်ပိုင်းကို ဝင်ရောက် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


မလေးရှားလေယာဉ်ကြီး ဘယ်ရောက်သွားပြီလဲ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link