Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘရာဇီးတောင်ပိုင်း အအေးလှိုင်းကျ၊ အိမ်ထဲနေရန် သတိပေး

$
0
0

မကြုံစဖူး အအေးလှိုင်းကြောင့်  သြဂုတ် ၂၁  ရက်က ဘရာဇီးတောင်ပိုင်းဒေသတွေမှာ  နှင်းတွေကျပြီး  ဒေသခံတွေဟာ ရှားပါးမြင်ကွင်းကို တပျော်တပါး ထွက်ကြည့်ခဲ့ပါတယ်။ 

ဒေသခံတဦး အဆိုအရ  ကူရီချီဘာနဲ့ ချီယိုးကပ် ဒူဆိုမြို့တွေမှာ နှင်းတွေ ဖွဲဖွဲကျနေပါတယ်။

ဘရာဇီးတောင်ဘက်စွန်း    ဟီယိုဂရန်းဂျူ ဒူဆိုကတော့  အအေးဆုံး အပူချိန်ကို ကြုံတွေ့ နေပြီး  ဒေသတစ်ခုမှာတော့ အပူချိန်က အနုတ်  ၈  ဒီဂရီစင်တီဂရိတ် ရှိပါတယ်။

 ရုတ်တရက် အအေးလှိုင်းကျတာကြောင့် ဘရာဇီးမိုးလေဝသဌာနက  မာသိုဂရော့ဆို ဒူဆို ပြည်နယ်မှာ  သတိပေးချက် ထုတ်ပြန်ထားပြီး  ဒေသခံတွေကို အိမ်ထဲမှာပဲ နွေးနွေးထွေးထွေး နေကြဖို့  တိုက်တွန်းထားပါတယ်။

The post ဘရာဇီးတောင်ပိုင်း အအေးလှိုင်းကျ၊ အိမ်ထဲနေရန် သတိပေး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles