Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မော်လမြိုင် အပါအဝင် မြို့နယ်အချို့တွင် ရေကြီးရေလျှံ၊ အနိမ့်ပိုင်းက အိမ်ထောင်စုများ ရွှေ့ပြောင်း

$
0
0

မွန်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင် အပါအဝင် မြို့နယ်တချို့မှာ ရေကြီးရေလျှံတာတွေ စတင်ဖြစ်ပေါ်နေပြီး အနိမ့်ပိုင်းရပ်ကွက်က အိမ်ထောင်စုတွေကို စတင်ရွှေ့ပြောင်းပေးနေရပါတယ်။

သြဂုတ် ၂၁ ရက် ညဦးပိုင်းကတည်းက ရွာသွန်းတဲ့ မိုးရေကြောင့် ရေကြီးရေလျှံတာတွေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး သြဂုတ် ၂၂ ရက်နေ့ ညနေပိုင်းအထိ အဆက်မပြတ် ရွားသွန်းနေပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့ရပ်ကွက်တခုဖြစ်တဲ့ တောင်ဝိုင်း ဥယျာဉ်လမ်းရှိ အိမ်ထောင်စုတွေနဲ့ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ် ရပ်ကွက် တချို့က အိမ်ထောင်စုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတာပါ။

ဒါအပြင် မုဒုံ-သံဖြူဇရပ် ကားလမ်းရေကျော်နေပြီး လတ်တလောမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကူညီတာတွေ လုပ်ဆောင်နေပါတယ်။

The post မော်လမြိုင် အပါအဝင် မြို့နယ်အချို့တွင် ရေကြီးရေလျှံ၊ အနိမ့်ပိုင်းက အိမ်ထောင်စုများ ရွှေ့ပြောင်း appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles