ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရဲ့ ၁၇ မိုင်လောက်အကွာမှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၃၉ မိနစ်၊ ၀၈ စက္ကန့် အချိန်မှာ မိုးညှင်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၇၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆. ၁၀ ဒီဂရီ၊ အနက် ၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
The post မိုးညှင်းမြို့အနီး အင်အား ၄.၀ အဆင့်ရှိ မြေငလျင်လှုပ် appeared first on DVB.