ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံအရှေ့ပိုင်း ကာမီတူဂါဒေသမှာ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်း က လက်လုပ်ရွှေတွင်း တခုပြိုကျပြီး လူ ၅၀ ထက်မနည်း သေဆုံးဖွယ်ရှိတယ်လို့ ဒေသ NGO တခုက ပြောပါတယ်။
မိုးကြီးခဲ့ပြီးနောက် ဒက်ထရွိုက်ရွှေတွင်းတူးဖော်ရေးနေရာမှာ တွင်းပြိုခဲ့တယ်လို့ အမျိုးသမီးများထောက်ပံ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်တင်တဲ့ ဗွီဒီယိုထဲမှာ ရွှေတွင်းအဝင်၀အနီး အခြေအနေကို စောင့်ကြည့်နေကြတဲ့ ရာနဲ့ချီတဲ့ လူတွေကို တွေ့ရပါတယ်။
ကွန်ဂိုနိုင်ငံအတွင်း စည်းကမ်းနဲ့မညီတဲ့ လက်လုပ်ရွှေတွင်းတွေမှာ တွင်းပြိုကျတာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
ကိရိယာ မစုံမလင်နဲ့ မြေအောက်ဆင်းတူးတဲ့ ရွှေတွင်းတွေမှာ နှစ်စဉ်နှစ်တိုင်း သေဆုံးသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
The post ကွန်ဂိုအရှေ့ပိုင်းတွင် ရွှေတွင်းပြိုကျသဖြင့် လူ ၅၀ ထက်မနည်းသေဆုံး appeared first on DVB.