တူရကီနိုင်ငံရဲ့ မြို့တော် အန်ကာရာကို ဖုန်မုန်တိုင်းတရပ် စက်တင်ဘာ ၁၂ ရက်က ဝင်ရောက်တိုက်ခတ်ပုံကို မျက်မြင်သက်သေ တယောက်က ကင်မရာနဲ့ ရုပ်သံ ရိုက်ကူးနိုင်ခဲ့ပါတယ်။
နေ့ခင်းမှာ ကောင်းကင်တခုလုံး မှောင်မိုက်သွားအောင် ဖုန်မုန်တိုင်းက လူနေရပ်ကွက်တွေ တလျှောက် တိုက်ခတ်သွားပုံကို ရုပ်သံက ပြထားပါတယ်။
မုန်တိုင်းအတွင်း ဝဲပျံနေတဲ့ အမှိုက်အပိုင်းအစတွေကြောင့် လူ ၆ ယောက် အသေးစား ဒဏ်ရာတွေ ရခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
လတ်တလော ရက်တွေအတွင်း မိုးမရွာလို့ ဖုန်မုန်တိုင်းဝင်တာ ဖြစ်နိုင်တယ်လို့ တူရကီ အစိုးရမိုးလေဝသဌာနက ပြောပါတယ်။
The post တူရကီတွင် ဖုန်မုန်တိုင်း တိုက်ခတ် (ရုပ်သံ) appeared first on DVB.