Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကနီတွင် နေအိမ် ၁၁ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း ကမ်းပါးပြိုကျမည့်အန္တရာယ် ကြုံနေရ

$
0
0

ချင်းတွင်းမြစ်ရေ တိုက်စားပြီး ကမ်းပါးပြိုကျလာတာကြောင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ဒင်ပေါက်အုပ်စုမှာ နေအိမ် ၁၁ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးဆုံးရှုံးမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကျမှုဟာ နေအိမ် ၁၁ လုံး၊ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနအဖြစ် အသုံးပြု‌နေတဲ့  စာသင်ကျောင်းတို့နဲ့ ၁၀ ပေလောက်သာ ရှိတော့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာလို့ ချိုင်ဒင်ပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းထိုက်က ပြောပါတယ်။

“အရင်ဆုံးဆုံးရှုံးမှုတွေက ချိုင်ကျေးရွာဘက်မှာဆိုရင် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနတခုအဖြစ် အသုံးပြု‌ပြီး ကျောင်းသားပေါင်း ၁၀၀၀ ကျော် ပညာသင်ကြားတာ၊ စာဖြေမှုတွေ ခက်ခဲမယ်၊ ဒင်ပေါက်ရွာဘက်မှာဆိုရင် အိမ်ခြေ ၉ လုံး၊ ချိုင်ရွာဘက်မှာဆိုရင် နေအိမ် ၂ လုံး ရွှေ့ပြောင်းရမယ်။”

ခချိုင်၊ ဒင်ပေါက်၊ သရက်ပင် စတဲ့ ချိုင်ဒင်ပေါက်ကျေးရွာအုပ်စုမှာ အိမ်ခြေပေါင်း ၅၉၈ အိမ်နဲ့လူဦးရေ ၃၁၈၈ ဦး နေထိုင်တယ်လို့ သိရပါတယ်။

နေအိမ်ပြောင်းရွှေ့ရမယ့်သူတွေဟာ သာမန်အခြေခံလူတန်းစားတွေ ဖြစ်ပြီး နေရာသစ်ကို ပြောင်းရွှေ့ရပါက မြေနေရာဝယ်ဖို့နဲ့ ပြောင်းရွှေ့စရိတ် အခက်အခဲတွေ ရှိနေကြတာကြောင့် စိုးရိမ်နေကြတာလို့ ဒင်ပေါက်ကျေးရွာနေ မခင်မာဆွေက ပြောပါတယ်။

ကနီမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက  “ကနီမြို့နယ်တခုလုံးအတွက် ကမ်းပြိုမှုအတွက် အမာခံကမ်းထိန်းနံရံ ၂၃ ခု အရေးတကြီး လိုအပ်နေတာပါ။ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်မှာ တမြို့နယ်လုံးအတွက် ယာယီကမ်းထိန်းနံရံပြုလုပ်ဖို့ ပီနံအိတ်ခွံ ၅၀,၀၀၀ လျာထားပါ‌တယ်။ ဘတ်ဂျက်ပေါ် မူတည်ကာ အမာခံကမ်းထိန်းနံရံများ ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်မယ်။”

ချိုင်ဒင်ပေါက်ကျေးရွာအုပ်စုမှာ နှစ်စဉ် ကမ်းပြိုကျနေပြီး ၂၀၀၂ ခုနှစ်ကစပြီး ပိုးဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုကျော်မင်းသန့်

The post ကနီတွင် နေအိမ် ၁၁ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း ကမ်းပါးပြိုကျမည့်အန္တရာယ် ကြုံနေရ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles