Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေ 

$
0
0

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ  ဒီကနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ  ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းကမ်းခြေမှာ ဆက်ရှိနေတယ်လို့  မိုးဇလဌာန ထုတ်ပြန်ပါတယ်။ 

ကပ္ပလီပင်လယ်ပြင်နဲ့  ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေတယ်လို့လည်းဆိုပါတယ်။ 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် အနေနဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရေပြင်လေဟာ တောင် (သို့) အနောက်တောင်ဘက်ကို တစ်နာရီပင်လယ်မိုင် (၂၅-၃၀)မိုင်၊ တခါတရံ  (၄၀-၄၅)မိုင်ရှိနိုင်ပြီး   လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ  ၁၄ ပေလောက် အထိရှိနိုင်တယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

The post ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေ  appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles