Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပင်လယ်ထဲ အမှိုက်စွန့်ပစ်မှု အရေးယူပေးရန် ဟွန်ဒူးရပ်စ် တောင်းဆို

$
0
0

ဟွန်ဒူးရပ်စ်နိုင်ငံမြောက်ပိုင်းက အိုမိုအာမြို့ ကမ်းခြေတွေမှာ ကြီးမားတဲ့ အမှိုက်လှိုင်းတွေ ရိုက်ခတ်ခဲ့လို့ သဘာဝအတိုင်း အရိုင်းသက်သက် အပူပိုင်းဒေသကမ်းခြေဟာ အိပ်မက်ဆိုး မြင်ကွင်းလို ဖြစ်ကျန်ရစ်ပါတယ်။

ပင်လယ်လှိုင်းရိုက်လို့ ကမ်းခြေမှာ ပုံလာတဲ့ အမှိုက်အများစုဟာ ပလတ်စတစ် အမှိုက်တွေပါ။ အိမ်နီးချင်း ဂွါတီမာလာနိုင်ငံ မိုတာဂွါမြစ်ကမ်းဘေးကနေလာတဲ့ အမှိုက်တွေ ဖြစ်ပြီး ဂေဟစနစ်ကိုသာ ပျက်စီးစေတာ မဟုတ်ဘဲ အမြင်မတင့်တယ်တာကြောင့် ခရီးသွားလုပ်ငန်းနဲ့ ရပ်တည်နေရတဲ့ ကမ်းခြေတွေရဲ့ စီးပွားရေးကိုပါ ထိခိုက်စေတယ်လို့ ဟွန်ဒူးရပ်စ် အာဏာပိုင်တွေက စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

ပင်လယ်ထဲ အမှိုက်တွေ စွန့်ပစ်နေတာကို ဟန့်တားရေး ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ အိမ်နီးချင်း ဂွါတီမာလာ အစိုးရကို ဟွန်ဒူးရပ်စ်အစိုးရက တရားဝင် ကန့်ကွက်စာ ပေးပို့ထားပြီးပြီလို့ ဒေသခံ မီဒီယာက သတင်းထုတ်ပါတယ်။

The post ပင်လယ်ထဲ အမှိုက်စွန့်ပစ်မှု အရေးယူပေးရန် ဟွန်ဒူးရပ်စ် တောင်းဆို appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles