Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကာမိုင်းမြို့ အနောက်တောင်ဘက်တွင် မြေငလျင်လှုပ်

$
0
0

ကချင်ပြည်နယ် ကာမိုင်းမြို့ရဲ့ အနောက်တောင်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၂ နာရီ၊ ၃၀ မိနစ်၊ ၃၈ စက္ကန့်အချိန်မှာ ကာမိုင်းမြို့ရဲ့ အနောက်တောင်ဘက် ၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၄၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၆၉ ဒီဂရီ၊ အနက် ၃၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

The post ကာမိုင်းမြို့ အနောက်တောင်ဘက်တွင် မြေငလျင်လှုပ် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles