Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုးသည်းထန်စွာရွာသွန်းသဖြင့် မြောက်ဘက်အစွန်ဆုံး ပန်းနန်းဒင်မြို့သွား လမ်းတံတားများ ပျက်စီး

$
0
0

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းမှာရှိပြီး မြန်မာပြည် မြောက်ဘက် အစွန်ဆုံးမြို့ဖြစ်တဲ့ ပန်းနန်းဒင်မြို့ကို ဆက်သွယ်‌ထားတဲ့ လမ်းတံတားတွေဟာ စက်တင်ဘာ ၂၃ရက်‌နေ့က မိုးတည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လမ်း၊တံတားတွေ ပျက်စီးမှုကြောင့် ဒေသခံပြည်သူတွေ သွားလာရေး ခက်ခဲနေပြီး လမ်း၊ တံတား ပြိုကျပျက်စီးတဲ့ အခြေအနေကို ဓာတ်ပုံမှတ်တမ်းသွားယူနေတဲ့ ဆောက်လုပ်ရေးသမားအဖွဲ့လည်း လမ်းခရီးအခက်အခဲကြောင့်  မရောက်သေးဘူးလို့ဒေသခံ ဦးဆန်လွတ်ရမ်ဆိန်းက ပြောပါတယ်။ 

“ဝိုင်ဖီတောင်က အမြင့်ပေ ၇၀၀၀ လောက်ရှိမယ်၊ အဲ့ဒီတောင်မရောက်ခင်မှာ ကော်လဲ့ရွာ အကျော်လောက်က ရေချောင်းမှာရှိတဲ့ တံတားကလည်း ပါသွားတော့ လမ်းရှင်းဖို့အတွက် နောင်မွန်မြို့ကနေ ကားတွေလည်း မသွားနိုင်ကြဘူး၊ လူအင်အားကိုပဲ အသုံးပြု၊ အားကိုးနေရလို့ လမ်းပြုပြင်ရေးက အရမ်းကြာမယ်။” 

လမ်းတံတားတွေ ကောင်းချိန်မှာ‌လည်း ပန်းနန်းဒင်ဒေသတစ်ခုလုံးဟာ  စားသောက်ရေး အင်မတန် အခက်ခဲရှိတယ်လို့ ပြောပါတယ်။ 

စားသောက်ကုန်အားလုံးကို ပူတာအိုက ဝယ်ယူရပြီး မိုးတွင်းကာလမှာ ဆန်တစ်အိတ်ကို ၁၅၀၀၀၀ ကျပ်၊ ဆားတစ်ထုပ်ကို ၄ ထောင်ကျပ်မှ ၆ ထောင်ကျပ်ထိ ပေးဝယ်ရတာပါလို့ ဆိုပါတယ်။ 

ပန်းနန်းဒင်မြို့ဟာ မြန်မာနိုင်ငံ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး လူဦးရေ တစ်ထောင်ကျော်လောက် နေထိုင်ပါတယ်။

 ဖနောင်းအောင်(ပူတာအို)

The post မိုးသည်းထန်စွာရွာသွန်းသဖြင့် မြောက်ဘက်အစွန်ဆုံး ပန်းနန်းဒင်မြို့သွား လမ်းတံတားများ ပျက်စီး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles