Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လူဝီစီယားနားပြည်နယ်တွင် ဒယ်လ်တာမုန်တိုင်း ဝင်ရောက်မှုကြောင့် ရေကြီး

$
0
0

မုန်တိုင်းအကြိမ်ကြိမ် ဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်ကို အောက်တိုဘာ ၉ ရက်က ဟာရီကိန်း ဒယ်လ်တာ ထပ်မံ ဝင်ရောက်ခဲ့ပါတယ်။ 

ဟာရီကိန်း ဒယ်လ်တာဟာ ည ၆ နာရီအချိန်က ခရီအိုကမ်းရိုးတန်းမြို့အနီး ဝင်ရောက်ခဲ့တယ်လို့ အမျိုးသားဟာရီကိန်းစင်တာ NHC က ပြောပါတယ်။ 

မုန်တိုင်းအဆင့် ၃ ရှိတဲ့ ဒယ်လ်တာဟာ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ နဲ့ ဝင်ရောက်ခဲ့တာပါ။ 

မုန်တိုင်းကြောင့် မြစ်တွေ ရေလျှံခဲ့ပြီး ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်း ဘေတန်ရုသ်အထိ လမ်းတွေ ရေကြီးနေတယ်လို့လည်း သိရပါတယ်။ 

အခုအခါမှာတော့ ဒယ်လ်တာဟာ အားပျော့သွားခဲ့ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ နဲ့ ပြည်နယ်အလယ်ပိုင်းနဲ့အရှေ့မြောက်ပိုင်းဆီ ရွှေ့လျားနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

 ဟာရီကိန်း ဒယ်လ်တာဟာ ဒီနှစ်အတွင်း အမေရိကန်ကို ဝင်ရောက်တဲ့ ၁၀ ကြိမ်မြောက် မုန်တိုင်းဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

The post လူဝီစီယားနားပြည်နယ်တွင် ဒယ်လ်တာမုန်တိုင်း ဝင်ရောက်မှုကြောင့် ရေကြီး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles