ချီလီတောင်ပိုင်း အဝေးပြေးလမ်းမတခုမှာ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းက မြူထူတာကြောင့် မော်တော်ယာဉ်တွေ အစုလိုက်တိုက်ခဲ့ပြီ လူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။
မော်တော်ယာဉ် တစီးထဲက မီးလောင်နေတဲ့ ရုပ်အလောင်း နှစ်ခုကို တွေ့ရပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချီလီရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒဏ်ရာရသူ နှစ်ယောက်ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။
လာရာဂွမ်နီယာဒေသရဲ့ ဗစ်တိုးရီးယားမြို့အနီး အမှတ် ၅ လမ်းမကြီးပေါ်မှာ မော်တော်ယာဉ် ၁၈ စီးထက်မနည်း တိုက်မိ မီးလောင်ကျွမ်းခဲ့တာပါ။
ဒီအစုလိုက် ယာဉ်တိုက်မှုမှာ မော်တော်ယာဉ်တွေ ပျက်စီးခဲ့သလို တင်ဆောင်လာတဲ့ ပစ္စည်းတွေလည်း ပျက်စီးတာကြောင့် ဆုံးရှုံးမှု ကြီးမားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။
The post ချီလီအဝေးပြေးလမ်းတွင် ကားအစုအပြုံလိုက်တိုက်မှုဖြစ်၊ ၂ ဦး သေဆုံး appeared first on DVB.