သစ်ခွပန်းလို့ ဆိုလိုက်ရင်အားလုံးက လှလှပပပန်းလေးတွေကိုလဲ ပြေးမြင်ကြမှာပါ။ ဒါပေမယ့် လန်ဒန်က တော်ဝင်ရုက္ခဗေဒဥယျာဉ်မှာ ပြသခဲ့တဲ့ သစ်ခွမျိုးစိတ်သစ်တစ်ခုကတော့ ဒီလိုမဟုတ်ပါဘူး။
ဒီသစ်ခွမျိုးကို မာဒါဂါစကာက တောတွင်းတစ်နေရာမှာတွေ့ခဲ့တာပါ။ Gastrodia agnicellus လို့ခေါ်တဲ့ ဒီသစ်ခွဟာ အခုနှစ်အတွင်းမှာ ကောနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပညာရှင်တွေ အမည်ပေးခဲ့တဲ့ မျိုုးစိတ်သစ် ၁၅၆ မျိုးထဲက တစ်ခုဖြစ်ပြီး ဒီသစ်ခွပင်ဟာ ကမ္ဘာ့ရုပ်အဆိုးဆုံး သစ်ခွပန်းဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရရှိခဲ့ပါတယ်။
ဒီသစ်ခွမျိုးဟာ အန္တရာယ်ပြုနိုင်တဲ့ သတ္တဝါတွေနဲ့ ထိတွေ့နိုင်ပေမဲ့ အမျိုးသားဥယျာဉ်တခုမှာ ရှိနေတာကြောင့် ကာကွယ်စောင့် ရှောက်မှု ရရှိထားပါတယ်။
အခုနှစ်မှာ နာမည်ပေးခဲ့တဲ့ တခြားအပင်တွေထဲမှာ ဟီးသရိုးလေဆိပ်အနားက မြစ်တစ်ခုထဲမှာရှာ တွေ့ခဲ့တဲ့ မှိုတစ်မျိုးနဲ့ နမ်ဘီယာတောင်ပိုင်းမှာ ၂၀၁၀ ခုနှစ်က တွေ့ခဲ့ရတဲ့ အပင်ပုတစ်မျိုးလည်း ပါဝင်ပါတယ်။
နှစ်စဉ်အပင်ပေါင်း ၂၀၀၀ နီးပါးကို သိပ္ပံအမည်သစ်တွေ မှည့်ခေါ်လေ့ရှိပေမယ့် မျိုးစိတ်သစ်တွေကိုတော့ တစ်နှစ်ကို တစ်ခါသာဖော်ပြလေ့ရှိပါတယ်။