Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် ညွှန်ကိန်း ယခုနှစ် နွေပိုမြင့်နိုင်

$
0
0

ဒီနှစ်နွေဟာ အရင်နစ်တွေထက်အပူချိန်ရော ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းတွေပါ မြင့်တက်မှာဖြစ်လို့ အပူဒဏ်အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က တိုက်တွန်းလိုက်ပါတယ်။

၂၀၁၅ ခုနစ် နွေရာသီမှာ ဖြစ်ပေါ်မယ့် အပူချိန်ဟာ အပူချိန်မြင့်တက်လေ့ရှိတဲ့ ဒေသတွေအပြင်  မြန်မာပြည်မြောက်ပိုင်းကအေးတဲ့ ဒေသတွေမှာပါ အပူချိန်ပိုမယ်လို့ သူက ခန့်မှန်းပါတယ်။

မုိးေလ၀သပညာရှင် ဦးထွန်းလွင်

မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်

နိုင်ငံအတွင်း ပုံမှန်ထက် အပူချိန်ပိုမြင့်တဲ့  မြန်မာပြည်အလယ်ပိုင်းက မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတွေဟာ အပူချိန်အမြင့်မားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အပူချိန်မြင့်မားတာအပြင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်မားတာကလည်း အန္တရာယ်ရှိတဲ့ အခြေနေတခုဖြစ်တာမို့ အရေးထား သတိပြုရမယ့်အချက်လည်း ဖြစ်နေပါတယ်။

ရှေ့လာမယ့် ၃ လအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်မယ့် အပူချိန်က လျော့ကျဖွယ်မရှိသလို  အယ်နီညိုရာသီဥတု အခြေနေအရလည်း အပူလှိုင်းဖြတ်နိုင်ဖွယ်ရှိတယ်လို့ ဒေါက်တာ ဦးထွန်းလွင်က သုံးသပ်ပါတယ်။
ဒါကြောင့် ဒီလိုအပူချိန်မြင့်တက်လာမယ့် အခြေနေမှာ အပူဒဏ်တွေအပြင် နောက်ဆက်တွဲ သဘာဝဘေးဖြစ်တဲ့ သောက်သုံးရေ ရှားပါးတာ၊ စိုက်ပျိုးရေရှားပါးတာတွေအပြင် မီးဘေး အန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်ဖို့ ပညာရှင်တွေက သတိပေးထုတ်ပြန်ထားပါတယ်။

The post အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် ညွှန်ကိန်း ယခုနှစ် နွေပိုမြင့်နိုင် appeared first on DVB.


Viewing all articles

Trending Articles