ခရိုအေးရှားနိုင်ငံ မြို့တော် လာဂရက်အနီးမှာ ဒီဇင်ဘာလ ၂၉ ရက်က ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၄ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု မြေအောက်အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခတ်သွားခဲ့တယ်လို့ GFZ ဂျာမန်ဘူမိသုတေသန စင်တာက ပြောပါတယ်။
N1 သတင်းချန်နယ်ကတော့ လာဂရက်ကနေ ကီလိုမီတာ ၅၀ အကွာ ပတ်ထရီနာမြို့ကို ဗဟိုပြုလှုပ်ခဲ့တယ်လို့ ထုတ်လွှင့်သွားပါတယ်။ မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ သေဆုံးဒဏ်ရာရသတင်းကို မသိရသေးပါဘူး။
ဒီဇင်ဘာ ၂၈ ရက်ကလည်း ခရိုအေးရှားနိုင်ငံအလယ်ပိုင်း ပတ်ထရီနာမြို့ အနီးမှာ ပြင်းအား ၅ ဒသမ ၂ ရှိတဲ့ မြေငလျင် လှုပ်ခဲ့ပါတယ်။ မတ်လတုန်းကလည်း ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်ဟာ လာဂရက်မှာလှုပ်ခဲ့ပြီး လူတစ်ယောက်သေဆုံးကာ ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။