Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဂွမြို့နယ် မော်ရွှေချိုင်ကမ်းခြေတွင် သဘာဝသန္တာကျောက်တန်းများ စတင်ဖြစ်ပေါ်နေ

$
0
0

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မော်ရွှေချိုင်ကမ်းခြေမှာ သဘာဝသန္တာကျောက်တန်းတွေ စတင်ပေါ်ပေါက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဂွမြို့နယ်မှာ ဂွကမ်းခြေ၊ လောင်ကျိုးကမ်းခြေ၊ ကမ်းသာယာကမ်ခြေ၊ ဆပ်သွားကမ်းခြေ၊ မော်ရွှေချိုင်၊ ကမ်းခြေနဲ့ ကြွေချိုင်ကမ်းခြေတို့ရှိတဲ့အထဲမှာ မော်ရွှေချိုင်ကမ်းခြေမှာ သဘာဝသန္တာကျောက်တန်းတွေ စတင်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဒေသခံကို ကိုချမ်းငြိမ်းအောင်က  “မနှစ်လောက်ကတည်းကတော့ တွေ့မိပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ သိပ်သတိမထားမိကြဘူးပေါ့။ တခြားနေရာတွေမှာလည်း ရှိရင်ရှိနေမှာပေါ့။” လို့ ပြောပါတယ်။

အဆိုပါသဘာဝသန္တာကျောက်တန်းများကို သွားရောက်ကြည့်ခဲ့တဲ့ ဒေသခံ ကိုကျော်ကျော်က “ဒီလို သဘာဝသန္တာကျောက်တန်းတွေ စတင်ပေါ်လာတာကတော့ ဒေသအတွက် ဝမ်းသာစရာကြီးပါ။ ဒါပေမဲ့ ဒေသခံတွေရော တာဝန်ရှိတဲ့သူတွေပါ အသိစိတ်နဲ့ ထိန်းသိမ်း စောင့်ရှောက်ဖို့ တော့လိုအပ်ပါတယ်။”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာလည်း ဒီရေကျသွားချိန် သဘာဝသန္တာကျောက်တန်းတစ်ခုကို ပြီးခဲ့တဲ့ မေ ၂၄ ရက်က စတင်တွေ့ရှိ ခဲ့ပါတယ်။

Photo – Kaung Mrat Naing / MPA


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး