Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မကွေးတိုင်းတွင် ယခုနှစ်အတွင်း မီးလောင်မှု ၂၁၃ ကြိမ်ဖြစ်ပွားပြီး ကျပ် ၁၈၈ သန်းကျော်ဖိုး ဆုံးရှုံး

$
0
0

မကွေးတိုင်းဒေသကြီးမှာ ၂၀၂၀ ပြည့်နှစ်တွင်း ဒီဇင်ဘာ ၂၉ ရက်အထိ မီးလောင်ကျွမ်းမှု ၂၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ ကျပ် ၁၈၈ သန်း ကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဒီဇင်ဘာ ၂၉ ရက်အထိ အိမ်ခြေ ၂၆၈ လုံး၊ စက်ရုံအလုပ်ရုံ ၃ ခု မီးလောင်ဆုံးရှုံးခဲ့ကာ လူ ၅ ယောက်သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရသိရပါတယ်။

တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က ” အဲဒီလို မီးလောင်ကျွမ်းရတာဟာ မီးပေါ့ဆမှုကြောင့် ဖြစ်ပွားတာ အများဆုံးဖြစ်ပြီးတော့၊ မီးဖိုမီး ၊လျှပ်စစ်မီး၊ ရှို့မီး၊ တောမီး၊ မိုးကြိုးမီးနဲ့ အလိုအလျောက်မီးတွေကြောင့် လောင်ကျွမ်းတာတွေဖြစ်တယ်” လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းက ခရိုင် ၅ ခုအနက် မကွေးခရိုင်မှာ ၆၆ ကြိမ်၊ ပခုက္ကူခရိုင်မှာ ၇၆ ကြိမ်၊ သရက်ခရိုင်မှာ ၄၂ ကြိမ်၊ မင်းဘူးခရိုင်မှာ ၂၄ ကြိမ်နဲ့ ဂန်ဂေါခရိုင်မှာ ၅ ကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ပခုက္ကူခရိုင်မှာ အများဆုံးလောင်ကျွမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မီးလောင်ကျွမ်းမှု ၂၄၄ ကြိမ်နဲ့ မီးလောင်ဆုံးရှုံးမှု ကျပ်သန်း ၂၆၀ ကျော် ဆုံးရှုံးခဲ့ပြီးတော့ အခုနှစ်မှာတော့ မီးလောင်တဲ့ အကြိမ်ရေနဲ့ ဆုံးရှုံးမှုတန်ဖိုး လျော့ကျခဲ့တယ်လို့  ညွှန်ကြားရေးမှူးက ပြောပါတယ်။

မြို့ပြနဲ့ စာရင် ကျေးလက်ဒေသတွေမှာ မီးလောင်ကျွမ်းမှုများပြားတာကြောင့် နိုင်ငံတော်က နယ်မြေမီး သတ်စခန်း ၆၉ ခု ခွင့်ပြုခဲ့တဲ့အနက် တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ၅၂ ခု တည်ဆောက်ပြီးဖြစ်လို့ ကျေးလက်မီးလောင်မှုတွေ လျော့နည်းကျဆင်းနိုင်တယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း မီးလောင်ကျွမ်းမှု ၁၅၄၂ ကြိမ် ဖြစ်ပွားကာ နေအိမ် ၃၉၉၃ လုံး ၊ ဂိုဒေါင် ၃၃ လုံး မီးလောင်ကျွမ်းကာ သေဆုံးသူ ၆၂ ယောက်နဲ့ ဒဏ်ရာရသူ ၁၄၁ ယောက်ရှိခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး


Viewing all articles
Browse latest Browse all 3533

Trending Articles