နော်ဝေနိုင်ငံမြို့တော် အော်စလိုမြောက်ဘက် ကီလိုမီတာ ၃၀ အကွာမှာ ဒီဇင်ဘာ ၃၀ ရက်က မြေပြိုခဲ့တာကြောင့် လူ ၁၀ ယောက် ဒဏ်ရာရပြီး ၁၂ ယောက် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြေပြိုမှုဟာ ယာ့ဒရွမ်းဒေသက လူနေရပ်ကွက်မှာ ဖြစ်ခဲ့ပြီး လူ ၇၀၀ လောက်ကို ဘေးလွတ်ရာ ပြောင်းပေးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မြေပြိုရာဒေသမှာ ရွှံ့နဲ့ အပျက်အစီးတွေအကြား ပိတ်မိနိုင်တဲ့ ကလေးနဲ့ လူကြီးတွေကို ကယ်ဆယ်ရေး ဆက်လုပ်နေပါတယ်။
ရုပ်သံထဲမှာတော့ အောက်ခြေမှာ ပျက်စီးအဆောက်အအုံတွေရှိနေတဲ့ ချိုင့်ကြီး တစ်ခုကို မြင်တွေ့ရပါတယ်။
တခြားအဆောက်အအုံတွေက ချိုင့်ကြီးရဲ့ ထိပ်မှာ တွဲလောင်းခိုနေပြီး နေအိမ် နှစ်လုံးက တော့ ချိုင့်ကြီးအတွင်း ထိုးကျခဲ့တယ်လို့ NRK ရုပ်သံက ကြေညာပါတယ်။
မကြာသေးတဲ့ နော်ဝေသမိုင်းမှာ အကြီးဆုံး မြေပြိုမှု တစ်ခုဖြစ်တဲ့ ကမ္ဘာ့မြေလွှာထုတွေ လှုပ်ရှားနေဆဲဖြစ်တယ်လို့ နော်ဝေ ရေအရင်းအမြစ်နဲ့ စွမ်းအင်ဦးစီးဌာန အကြီးအကဲက ပြောပါတယ်။