Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မန္တလေးအနီးတစ်ဝိုက်က အင်းများတွင် ဆောင်းခိုငှက်ဝင်ရောက်မှုနည်းပါးလာ 

$
0
0

မန္တလေးအနီးတစ်ဝိုက်က အင်းတွေမှာ ဆောင်းခိုငှက်ဝင်ရောက်တာ အရင်နှစ်တွေကထက် နည်းပြီး တောင်သမာန်အင်းဟာ ဆောင်းခိုငှက်ဝင်ရောက်တာ အဆိုးဆုံးအခြေအနေဖြစ်တယ်လို့ ငှက်ကြည့်ဝါသနာရှင်တွေက ပြောပါတယ်။  

မန္တလေးမြို့ အနီးတစ်ဝိုက်က ပျူကန်၊ ပလိပ်အင်း၊ ဗနောင်အင်း၊ တောင်သမာန်အင်း စတဲ့ အင်းတွေမှာရှိတဲ့ ရေတိမ်ဒေသ ရေဝပ်ဒေသတို့မှာ နှစ်စဉ် ဆောင်းရာသီရောက်ရင် ဆောင်းခိုငှက်တွေ လာရောက်လေ့ရှိတာပါ။

ဆောင်းခိုငှက်လာရောက်တာဟာ ဆိုရင် ၂၀၁၆ နောက်ပိုင်းမှာ တစ်နှစ်ထက်တစ်နှစ် တဖြည်းဖြည်းနည်းလာပြီး တောင်သမာန်အင်းဟာ ဆိုရင် ဆောင်းခိုငှက်ဝင်ရောက်တာ အဆိုးဆုံး အခြေအနေဖြစ်တယ်လို့ ငှက်ကြည့်ဝါသနာရှင်တွေ က ပြောပါတယ်။ 

နှစ်စဉ်လာရောက်တဲ့ ဆောင်းခိုငှက်တွေထဲက ဒေါင်းလန်းခြေထောက်လို့ ခေါ်တဲ့ ငှက်မျိုးဟာ ဆိုရင် အရင် ၂၀၁၅ လောက်က အကောင်ရေ ထောင်ချီအထိ ဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၅ ကောင်ပတ်ဝန်းကျင်ထိပဲတွေ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးမှာမှ တောင်သမာန်မှာပဲ တွေ့ရတဲ့ ငှက်နှုတ်သီးလန် ဟာ ဆိုရင်လည်း အရင်နှစ်တွေတုန်းက ၁၀ ကောင်ဝန်းကျင်လောက်တွေ့ရပေမယ့် အခုနှစ်မှာ တစ်ကောင်ပဲ တွေ့ရတယ်လို့ ဆိုကြပါတယ်။ 

အခြားဆောင်းခိုငှက်တွေဖြစ်တဲ့ ဇင်ယော်နဲ့ ဘဲရိုင်း တို့မှာ လုံးဝ မတွေ့ရတော့ဘဲ ခါတိုင်းနှစ်က နှစ်ကောင်သုံးကောင်ပဲလာတဲ့ ရေကြက်ဒုံဟာဆိုရင် ဒီနှစ်မှာ အကောင် ၁၀၀ ကျော်တွေ့ရတယ်လို့ သိရပါတယ်။

ဆောင်းခိုငှက် လျှော့နည်းလာတာဟာ ဂေဟစနစ် တစ်ခုပြောင်းလဲမှုကြောင့်ဖြစ်ပြီး တိတိကျကျ သုတေသန လုပ်ဖို့လိုတယ်လို့ ငှက်ကြည့်ဝါသနာရှင်တွေက ပြောပါတယ်။ 

နှစ်စဉ်ဆောင်းခို ငှက် ဝင်ရောက်တဲ့ စာရင်းကို ဇန်နဝါရီလ အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ ကောက်ယူလေ့ရှိပြီး မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်း ရေးအသင်း၊ မြန်မာငှက်ချစ်သူတွေ INGO, NGO အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ကြပါတယ်။

သတင်း – နိုင်လင်းဦး


Viewing all articles
Browse latest Browse all 3533

Trending Articles