Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုးသက်လေပြင်းကြောင့် ကံမမြို့တွင် အိမ် ၂၀၀၀ ခန့် ပျက်စီး

$
0
0

မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ ကံမမြို့နယ်အတွင်းမှာ မိုးသက်လေပြင်း တိုက်ခတ်တဲ့အတွက် ကျေးရွာ ၁၈ ရွာက လူနေအိမ်ပေါင်း ၂၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ ပါတယ်။

မေလ ၉ ရက်နေ့ ညနေ ၅ ခွဲလောက်က စပြီး တနာရီကြာ မိုးသက်လေပြင်းတိုက်ခတ်တဲ့အတွက် စပါးကျီများ(စပါးဂိုဒေါင်)တွေ လွင့်ပါသလို၊ သစ်ကိုင်းကျိုးကျတာ၊ သစ်ပင်ကြီးတွေပါ အမြစ်က ပြိုလဲတာကြောင့် လမ်းတွေလည်း ပိတ်ဆို့ခဲ့ရပါတယ်။

မိုးသက်လေပြင်းဒဏ် ဆိုးဆိုးရွားရွားခံရတဲ့ ကျောက်စောင်းကျေးရွာမှာ လူနေအိမ်ခြေ ၃၀၀ အနက် အိမ်ခြေ ၂၀၀ ကျော်လောက် အမိုးလန်ခဲ့ပြီး လူနေအိမ် ၇ လုံးလည်း ပြိုကျပျက်စီးခဲ့ပါ တယ်။ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ ခု၊ ကျေးရွာအုပ်ချုပ်ရေးမှူရုံး ၁ ရုံးနဲ့ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းတို့လည်း အမိုးလန်ပျက်စီးခဲ့ပါတယ်။

ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းက “ပထမအကြိမ်ဖြစ်တုန်းက နည်းနည်းပါးပါး ဖြစ်တာ၊ အဲဒီတုန်းက ရထားတဲ့ပစ္စည်းတွေလည်း ဒီရွာမှာ လှူဒါန်းပြီးပါပြီ။ အခုက ပိုများတယ်။ အခုလိုက်စစ်ဆေးကြည့်ရှုပြီး သက်ဆိုင်ရာတွေကို ဆက်လက်တင်ပြပေးသွားမှာပါ။ လတ်တလောအနေနဲ့ တပ်နဲ့ရဲကလည်း သန့်ရှင်းရေးတွေ ၀င်ရောက်ကူညီပေးနေပါတယ်။ အများဆုံး လုပ်ဆောင်နေရတာက ဒေသခံရွာသားတွေပါပဲ။ ကံမမြို့ထဲက ရွာပေါင်း ၁၈ ရွာ အခုလို ဖြစ်သွားတာပါ။ ပြိုကျစီးတာက ခန့်မှန်း ၄၀၀ လောက် အိမ်ခြေပျက်စီးတယ်။ စာရင်းတွေ ထပ်ကောက်နေတုန်းပါပဲ။ ဒီကျောက်စောင်းရွာက အားလုံးထဲမှာ အဆိုးဆုံးပါပဲ။ ကျန်တဲ့ ရွာတွေကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးသွားမှာပါ”လို့ ပြောပါတယ်။

ကျောက်စောင်းရွာအပါအ၀င် မြို့နယ်အတွင်းရှိ ကျီးမီး၊ ရွာသာယာ၊ တောမ၊ ကျောက်ပြုပ်၊ ကုန်းညှင်း၊ စံတုန်း၊ ခြောက်ပင်၊ ရေနံ့သာ၊ ဇွေးမိ စတဲ့ကျေးရွာတွေမှာလည်း လူနေအိမ်ခြေပေါင်း ၂၀၀၀ လောက် အမိုးလန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခုတကြိမ်ဟာ ကံမမြို့နယ်အတွင်း ဆယ်ရက်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ဧပြီလ ၂၉ ရက်နေ့က မိုးသက်လေပြင်းတိုက်ခိုက်လို့ အိမ်အလုံး ၄၀ ကျော် အမိုးလန်ပျက်စီးခဲ့ပြီး ဓာတ်တိုင် ၂ ဒါဇင်ခန့် ပြိုလဲပျက်စီးခဲ့ပါတယ်။

The post မိုးသက်လေပြင်းကြောင့် ကံမမြို့တွင် အိမ် ၂၀၀၀ ခန့် ပျက်စီး appeared first on DVB.


Viewing all articles

Trending Articles