Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Browsing all 3533 articles
Browse latest View live

လယ်ဝေးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခြေ ၄၀ ကျော်ပျက်စီး

ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေပြည်တော်ကောင်စီ လယ်ဝေးမြို့နယ်အတွင်းက ဂုံးတောင်ကျေးရွာမှာ လူနဲ့ တိရစ္ဆာန် အသေ အပျောက် မရှိခဲ့ပေမယ့် လူနေအိမ်ခြေ ၄၂ လုံး...

View Article


မိုးသက်လေပြင်းကြောင့် မြို့နယ်တော်တော်များများ ပျက်စီးဆုံးရှုံးမှုဖြစ်

မိုးသက်လေးပြင်းတိုက်ခိုက်မှုကြောင့် မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတွေက မြို့နယ် တော်တော်များများမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားဖြစ်ပေါ် နေပါတယ်။ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ မေလ ၁ ရက်နေ့ ညနေ ၃ နာရီ...

View Article


ပင်လောင်းတွင် လေပြင်းတိုက်၍ ရှေးဟောင်းဟော်နန်းပြိုကျ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်မှာ မေလ ၁ ရက်နေ့ညက လေပြင်းတိုက်တဲ့အတွက်  အရှေ့ပိုင်းရပ်ကွက်ရှိ ပင်လောင်းစော်ဘွားတွေနေထိုင်ခဲ့ရာ ရှေးဟော်နန်း အဆောက်အဦ ပြိုကျပျက်စီးခဲ့ပါတယ်။...

View Article

တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာတချို့ ရေရှားပါးမှုဆက်တိုက်ကြုံနေရ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အလိုက် ကျေးရွာအချို့မှာ ဧပြီလ နှောင်းပိုင်းနဲ့ မေလကနေ စတင်ကာ ရေရှားပါးမှု ဆက်တိုက်ကြုံနေရတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ထံက...

View Article

ကချင်ပြည်နယ်၊ ဆော့လော်နှင့်ချီဖွေမြို့နယ်မှ ကျေးရွာအချို့ မြေပြိုပြီး...

ကချင်ပြည်နယ်၊ ဆော့လော်နဲ့ ချီဖွေမြို့နယ်ထဲက ရွာ ၁၅ ရွာလောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုတ်တရက် လေပြင်းတိုက် မိုးရွာသွန်းတာတွေကြောင့် မြေပြိခဲ့ပြီး ရွာသားတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။...

View Article


ချင်းပြည်နယ်တွင် မြေပြိုနိုင်ဟု မိုးဇလပညာရှင် သတိပေး

မိုးတိမ်တောင်ကြောင့် ချင်းပြည်နယ်မှာ ရုတ်တရက်မိုးကြီးပြီး မြေပြိုမှုများဖြစ်ပွားနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်းတိုင်းတာချက်အရ...

View Article

မေလအတွင်း လေပြင်းတိုက် မိုးသီးကြွေနိုင်သေးဟု မိုးဇလ သတင်းထုတ်

အယ်လ်နီညိုအကျိုးသက်ရောက်မှု ရှိနေသေးလို့ မေလအတွင်း ထူးခြားမိုးလေ၀သဖြစ်စဉ်တွေ ဖြစ်တဲ့ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင် နှာမောင်းတိုက်ခတ်ခြင်းတို့...

View Article

မီးဘေးနှင့်သဘာဝဘေး ကာကွယ်ရေး မြို့နယ်အလိုက် လုပ်ဆောင်မည်

မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေကို မြို့နယ်အလိုက် ပြန်လည်လုပ်ဆောင်ဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနဲ့ စီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။ မြန်မာနိုင်ငံ...

View Article


မြန်မာနိုင်ငံအလယ်ပိုင်း လေပြင်းနှင့်လေဆင်နှာမောင်း တိုက်ခတ်နိုင်

ဒီနှစ်မေလအတွင်း မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းဖြစ်နိုင်ခြေနည်းပေမယ့် မြန်မာ နိုင်ငံအလယ်ပိုင်းဒေသတွေမှာ လေပြင်းတိုက်ခတ်တာ၊ လေဆင်နှာမောင်းတိုက်ခတ်တာတွေနဲ့ ကြုံရနိုင်တယ်လို့ မိုးလေဝသပညာရှင်...

View Article


မိုးသက်လေပြင်းကြောင့် ကံမမြို့တွင် အိမ် ၂၀၀၀ ခန့် ပျက်စီး

မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ ကံမမြို့နယ်အတွင်းမှာ မိုးသက်လေပြင်း တိုက်ခတ်တဲ့အတွက် ကျေးရွာ ၁၈ ရွာက လူနေအိမ်ပေါင်း ၂၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ ပါတယ်။ မေလ ၉ ရက်နေ့ ညနေ ၅ ခွဲလောက်က စပြီး...

View Article

ရာဇဂြိုဟ်ဆည်တွင်း နုန်းများကြောင့် လာမည့် မိုးရာသီတွင် ဆည်ပြိုမှာ ဒေသခံများ...

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီး ရာဇဂြိုဟ်ဆည်တွင်း နုန်းမြေတွေများလာတဲ့အတွက် သတ်မှတ်ရေသိုလှောင်ပမာဏနည်းလာကာ လာမယ့်မိုးရာသီမှာ ဆည်ပြိုကျိုးပေါက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ အခုလို...

View Article

မြစ်ဆုံစီမံကိန်း လုံးဝရပ်တန့်ရန် ဒေသခံများ ပြည်ထောင်စုအစိုးရကို တိုက်တွန်း

မြစ်ဆုံရေကာတာစီမံကိန်းကို လုံးဝရပ်တန့်ပေးရေးကိစ္စကို လေးလေးနက်နက်ဆောင်ရွက်ပေးဖို့ မြစ်ဆုံဒေသခံ (၁၀၈၁) ဦး လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ စာရေးသားပေးပို့ တောင်းဆိုပါတယ်။ သူတို့စာမှာ...

View Article

ဖားကန့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကုမ္ပဏီများ စနစ်တကျဆောင်ရွက်နိုင်ရန် ဥပဒေရေးဆွဲ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တာတွေကို ကန့်သတ်ဖို့၊ မြေစာစွန့်ပစ်တာ တွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကုမ္ပဏီတွေက စနစ်တကျဆောင်ရွက်ဖို့ အတွက် ဥပဒေနဲ့အညီအစီအမံတွေ...

View Article


သတ္တုတူးဖော်ခြင်း၏ ဆိုးကျိုးများဖြေရှင်းပေးရန် တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ထဲက ဒယ်လ်ကိုသတ္တုတွင်းစီမံကိန်းကြောင့် အနီးအနား ပတ်ဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာမှာ ပါဝင်ဖြေရှင်းပေးဖို့...

View Article

ကလေးမြို့တွင် လေပြင်းတိုက်ခတ်၊ နေအိမ်အများအပြား ပျက်စီး

ကလေးမြို့နယ် ဒိုးနွယ်ကျေးရွာမှာ မေ ၁၁ ရက် ညနေ ၆ နာရီခွဲလောက်က တိုက်ခတ်တဲ့ လေပြင်းကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရပါတယ်။ လေပြင်းတိုက်ခတ်မှုဟာ ကလေးမြို့ပေါ်နေရာနဲ့ အခြားကျေးရွာတွေ တိုက်ခတ်မှုမရှိခဲ့ဘဲ...

View Article


အစိုးရက သဘာဝဘေးအန္တရာယ်ကို အရေးပေါ်တုံ့ပြန်ရန် ဦးစားပေးသတ်မှတ်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ပထမ ရက် ၁၀၀ စီမံကိန်းမှာ သဘာဝဘေးအန္တရာယ်ကို အရေးပေါ်တုံ့ပြန်နိုင်ဖို့ ဦးစားပေးဆောင်ရွက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။...

View Article

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

မေလ ၁၄ ရက်နေ့လောက်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် အားကောင်းလာမယ့် အခြေအနေရှိနေတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။...

View Article


ဘင်္ဂလားပင်လယ်အော်တွင် ၃၆ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက...

View Article

ယင်းမာပင်တွင် မိုးသက်လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်ခံရပြီး ကလေး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းမှာ မေလ ၁၅ ရက်နေ့မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်တဲ့အတွက် ကလေးငယ်တဦး သေဆုံးခဲ့သလို ကျေးရွာအချို့နေအိမ်တွေအပါအဝင်...

View Article

စကုမြို့နယ်တွင်း မိုးသက်လေပြင်းတိုက်ခတ်၊ အိမ်ခြေ ၇၂၀ ကျော် ပျက်စီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်အတွင်းမှာ မေလ ၁၅ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်တဲ့အတွက်ကြောင့် အိမ်ခြေ ၇၂၀ ကျော်ပျက်စီးခဲ့ရတယ်လို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်...

View Article