Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လယ်ဝေးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခြေ ၄၀ ကျော်ပျက်စီး

$
0
0

ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေပြည်တော်ကောင်စီ လယ်ဝေးမြို့နယ်အတွင်းက ဂုံးတောင်ကျေးရွာမှာ လူနဲ့ တိရစ္ဆာန် အသေ အပျောက် မရှိခဲ့ပေမယ့် လူနေအိမ်ခြေ ၄၂ လုံး ပျက်စီးခဲ့ပါတယ်။

ပျက်စီးတဲ့ အိမ်ခြေ ၄၂ လုံးမှာ အိမ်ခြေ ၂၀ ကျော်က ပြင်းထန်ပေမယ့် အိမ်ခြေ ၂၀ လောက်က သာမန်ပျက်စီးမှုလောက်ပဲရှိတယ်လို့ ဂုံးတောင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးဝင်းမြင့်က ပြောပါတယ်။

ဒီပျက်စီးသွားတဲ့အထဲမှာ စာသင်ကျောင်းဆောင် နှစ်ဆောင် နဲ့ ကျေးလက်ကျန်းမာရေးဆေးပေးခန်းလည်း ပါတယ်လို့ သိရပါတယ်။

အခု လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးတာတွေကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဆီကို တင်ပြထားပြီးဖြစ်သလို သက်ဆိုင်ရာအဆင့်ဆင့်ကိုလည်း ဆက်လက်တင်ပြပေးသွားမယ်လို့ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ပြောပါတယ်။

 

The post လယ်ဝေးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခြေ ၄၀ ကျော်ပျက်စီး appeared first on DVB.


Viewing all articles

Trending Articles