Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုးသက်လေပြင်းကြောင့် မြို့နယ်တော်တော်များများ ပျက်စီးဆုံးရှုံးမှုဖြစ်

$
0
0

မိုးသက်လေးပြင်းတိုက်ခိုက်မှုကြောင့် မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတွေက မြို့နယ် တော်တော်များများမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားဖြစ်ပေါ် နေပါတယ်။

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ မေလ ၁ ရက်နေ့ ညနေ ၃ နာရီ ကျော်က မိုးသက်လေပြင်း တိုက်ခိုက်ခဲ့တဲ့အတွက် မြို့တွင်းသစ်ပင်များကျိုးတာ၊ လမ်းဘေးဖုန်းတိုင်ကျိုးတာ၊ နေအိမ်တွေ ပျက်စီးတာ၊ အမိုးများလေထဲလွင့်ပါသွားတာ၊  ကြော်ငြာဆိုင်းဘုတ်တွေ ပျက်စီးတာ၊ လျှပ်စစ်မီး တွေ ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဝမ်းတွင်းမြို့အပါအ၀င် ကျေးရွာ ၃၃ ရွာမှာ ကျောင်းပေါင်း ၁၇ ကျောင်း ပျက်စီးသွားသလို အိမ်အမိုးလန်သွားတာ ၁ ထောင်ကျော်ရှိပြီး ၀မ်းတွင်းမြို့နယ် အန်အယ်လ်ဒီအမတ် ဦးစိုးမင်းထက်က ပြောပါတယ်။

“လောလောဆယ်ကျနော်တို့ စာရင်းရတဲ့အထိက ကျောင်းက ၁၇ ကျောင်းက သွတ်လန်သွား တာတွေ၊ အကာတွေ ပြတ်ကျသွားသတာတွေဖြစ်တယ်။ လောလောဆယ် ကျနော်တို့ တွက်ထား တာက ၉၂၃ သိန်းကျော် တန်ဖိုးရှိလောက်ပျက်စီးသွားတယ်။ အိမ်တွေကတော့ ပြိုကျတာတွေက ၂၈ အိမ်ပေါ့၊ အမိုး လန်သွားတာက ၁၀၃၂ အိမ်၊ ဘုန်းကြီးကျောင်းကကျတော့ ပြိုကျတာ ၃ ကျောင်း၊ အမျိုးလန်တာ က ၁၃ ကျောင်းပေါ့။”

အခုလက်ရှိ ပြုစုထားတဲ့စာရင်းက ရသလောက်သာဖြစ်ပြီး ဒီထက်များ ပြောနိုင်သေးတယ်လို့ လည်း ဦးစိုးမင်းထက်က ပြောပါတယ်။

အလားတူ မန္တလေးမြို့ပေါ်မှာလည်း မေလ ၁ ရက်နေ ညနေ ၆ နာရီခွဲလောက်က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ကန်တော်ကြီးပတ်လမ်းတလျှောက်မှာ သစ်ပင်ပြိုလဲတာတွေ ဓာတ်တိုင်လဲကျတာတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပါတယ်။

အလားတူ ရမည်းသင်းမြို့နယ်ရှိ ပျဉ်တပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် လူတယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတယ်လို့  ရမည်းသင်းမြို့ နယ် ခရိုင်ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာ လှလှဋ္ဌေးက ပြောပါတယ်။

ဒဏ်ရာနဲ့ ဆေးရုံရောက်နေသူတွေထဲက တယောက်ကလည်း စိုးရိမ်ရလို့ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကို လွှဲပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ သူတွေအတွက် လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆေးကုသစရိတ်၊ နေအိမ် ပျက်စီးခဲ့သူ အတွက်လည်း ပြုပြင်ထောက်ပံ့ စရိတ်ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး က ပြောပါတယ်။

ရှမ်းပြည်နယ် ပင်လောင်းမြို့မှာလည်း မနေ့ ညနေ ၆ နာရီလောက်က ဖြစ်ပွာခဲ့တဲ့ မိုးသက်လေပြင်းကြောင့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ရှိခဲ့တဲ့  ပင်လောင်းဟော်နန်းလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့မှာလည်း ဧပြီ ၃၀ ရက် ညနေ ၆ နာရီကျော်ခန့်က မိုးရွာသွန်းပြီး လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်တာကြောင့် တောင်ငူတက္ကသိုလ်အတွင်း ဆောက်လုပ်ဆဲ သုံးထပ်ကျောင်းဆောင် အပေါ်ထပ်ရှိ စာသင်ခန်း ၃ ခန်းမှ အမိုးနဲ့  မျက်နှာကျက်တွေ လန်ကျပျက်စီးသွားပါတယ်။

အလားတူ ဒုတိယ ပါမောက္ခချုပ်နေအိမ် အမိုးပျက်စီးတာ၊ transformer House အမိုးများ ပျက်စီးတာ၊ တက္ကသိုလ်ဝင်း ရေစင်အနီးရှိ တထပ်စာသင်ဆောင် အမိုးများပျက်စီးတာ၊ တက္ကသိုလ်ဝင်းအတွင်းရှိ ဓာတ်တိုင်များ ပျက်စီးတာနဲ့  သစ်ပင်အချို့ကျိုးကျပျက်စီးခဲ့ပါတယ်။

(ဓာတ်ပုံ – မောင်မောင်လင်း -၀မ်းတွင်း)

 

The post မိုးသက်လေပြင်းကြောင့် မြို့နယ်တော်တော်များများ ပျက်စီးဆုံးရှုံးမှုဖြစ် appeared first on DVB.


Viewing all articles

Trending Articles