Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ယင်းမာပင်တွင် မိုးသက်လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်ခံရပြီး ကလေး ၁ ဦး သေဆုံး

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းမှာ မေလ ၁၅ ရက်နေ့မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်တဲ့အတွက် ကလေးငယ်တဦး သေဆုံးခဲ့သလို ကျေးရွာအချို့နေအိမ်တွေအပါအဝင် ဘုန်းတော်ကြီးကျောင်းတွေ ပျက်စီးပြီး လူ ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင်ကျေးရွာမှာ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်တာကြောင့် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာတွေဖြစ်တဲ့ ဇီးဖြူကုန်းကျေးရွာတွင် လူနေအိမ် ၁၀ လုံး ခန့်နှင့် ရွာဦးမြင်သာကျောင်းတိုက်အတွင်းရှိ သာသနိက အဆောက်ဦတွေ ပျက်စီးပြီး ကျော်ရွာကျေးရွာမှာ လူနေအိမ် ၄ လုံးခန့်ပျက်စီးပြီး ဦးအေးဆိုသူမှာ အိမ်တံခါးညှပ်ပြီး ဒဏ်ရာများပါ ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ – ဌေးလှိုင်

The post ယင်းမာပင်တွင် မိုးသက်လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်ခံရပြီး ကလေး ၁ ဦး သေဆုံး appeared first on DVB.


Viewing all articles

Trending Articles