Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်​တိုင်း​ကြော​င့် ​ဘို​က​လေး​က ​ရေ​လုပ်​သား​များ ​ပျောက်​ဆုံး

$
0
0

ဘ​င်္ဂ​လား​ပင်​လယ်​အော်​အ​တွင်း​မှာ ​ဖိုင်​လင်း​မုန်​တိုင်း​ဖြစ်​ပွား​ခဲ့​ပြီး​နောက် ​ဧ​ရာဝ​တီ​တိုင်း​ဒေ​သ​ကြီး ​ဘို​က​လေး​မြို့​က ​ကျား​ပိုက်​ရေ​လုပ်​သား​၂၀ ​ကျော် ​ပျောက်​ဆုံး​နေ​ပါ​တယ်။

ဘ​င်္ဂ​လား​ပင်​လယ်​အော် ​ဖိုင်​လင်း​မုန်​တိုင်း ​ဖြစ်​ပွား​ခဲ့​ပြီး​နောက် ​လေ​ပြင်​မုန်​တိုင်း ​တိုက်​ခိုက်​ခဲ့​တဲ့​အ​တွက် ​ဘို​က​လေး​မြို့​နဲ့ ​ဖျာ​ပုံ​မြို့​နယ်​တွေ​က ​ကျား​ပိုက်​ထောင်​တဲ့ ​ရေ​လုပ်​သာ​တွေ ​ပျောက်​ဆုံ​နေ​ကြောင်း ​ဘို​က​လေး​မြို့​ခံ​တွေ​က ​ပြော​ပါ​တယ်။

ကျား​ပိုက်​ဖောင်​ရင်း​တွေ ​အ​တိ​အ​ကျ​မ​ရှိ​တဲ့​အ​တွက် ​ကယ်​ဆယ်​ရေး​တွေ​ကို ​ကိုယ်​တိုင်​လုပ်​နေ​ရ​တဲ့​အ​တွက် ​အ​သေ​အ​ပျောက်​များ​ခဲ့​ကြောင်း ​ဘို​က​လေး​ဒေ​သ​ခံ ​ဦး​အောင်​ကို​လတ်​က ​ပြော​ပါ​တယ်။

“​ဖောင်​တွေ​ကို ​လျော့​ပြီး ​စ​ရင်း​တင်​ထား​တယ်။ ​ငါး​လုပ်​ငန်း​ရယ်၊ ​ကျား​ပိုက်​လုပ်​ငန်း​ရှင်​များ​အ​သင်း​ရယ်၊ ​အ​လုပ်​မား ​မှတ်​ပုံ​တင် ​ဦး​စီး​ဌာ​န​ရယ် ​သုံး​ခု​ပေါင်း​ပြီး ​အဲ​ဒါ​ကို ​ရိုက်​ထား​တဲ့​အ​တွက် ​ဒီ​ဖောင်​တွေ ​ပျက်​ပြီ​ဆို​ချိန်​မှာ ​သူ​တို့ ​လူ​စာ​ရင်း​လည်း ​မ​ရှိ​ဘူး​။ ​ကယ်​ဆယ်​ရေး​အ​စီ​စ​ဉ်​က​တော့ ​သူ​တို့​အ​စီ​စ​ဉ်​နဲ့ ​သူ​တို့ ​လိုက်​ကြ​နေ​ကြ​တယ်။”

မုန်​တိုင်း​နဲ့​ပတ်​သက်​တဲ့ ​သ​တင်း​အ​ချက်​အ​လက်​တွေ​ကို ​သက်​ဆိုင်​ရာ​က ​သ​တိ​ပေး​တား​မြစ်​ခဲ့​သော်​လည်း ​အ​ချို့​လုပ်​ငန်း​ရှင်​တွေ​က ​လိုက်​နာ​မှု​မ​ရှိ​လို့ ​အ​ခု​လို ​အ​သေ​အ​ပျောက်​တွေ​ရှိ​ခဲ့​ရ​တယ်​လို့ ​ထည့်​ပြော​သွား​ပါ​တယ်။

ဖောင်​တွေ​ပျက်​တဲ့ ​သ​တင်း​ကြား​နေ​ရ​ပေ​မယ့် ​လုပ်​ငန်း​ရှင်​တွေ​က ​ဆက်​သွယ်​ခွင့်​မ​ပေး​ခဲ့​ဘူး​လို့ ​ကျန်​ခဲ့​တဲ့ ​မိ​သား​စုဝင် ​မ​နု​နု​ထွေး​က ​ပြော​ပါ​တယ်။

“​ဖောင်​တွေ ​ပျက်​တယ်​လို့ ​ပြော​တယ်။ ​ဖောင်​ပိုင်​ရှင်​က​တော့ ​မ​ပါ​ဘူး​လို့​ပြော​တယ်။ ​ဆက်​သွယ်​ခွင့်​လည်း ​မ​ပေး​ဘူး​။  ​စ​ကား​ပြော​ခွင့်​လည်း ​မ​ပေး​ဘူး​။ ​သ​မီး​တို့​က ​သူ​တို့ ​စ​ကား​ပြော​ခွင့်​လည်း ​မ​ပေး​ဘူး​ဆို​တော့ ​ဘာ​လုပ်​ရ​မှန်း​မ​သိ​ဘူး​ဖြစ်​နေ​တယ်။ ​အ​ဆက်​သွယ် ​လို​ချင်​တယ်။ ​လူ​က​တော့ ၃၀၊ ၄၀ ​လောက်​ရှိ​မယ် ​လိုက်​သွား​တာ၊ ​တ​ယောက်​မှ ​ဆက်​လို့ ​မ​ရ​ဘူး​ဖြစ်​နေ​တယ်။ ​ပိုင်​ရှင်​ကို ​ဖုန်း​ဆက်​တော့ ​အော်​တောင်​လွှတ်​သေး​တယ်။”

ဒီ​သ​တင်း​နဲ့​ပတ်​သက်​ပြီး ​ဗိုလ်​က​လေ​မြို့​နယ်​ရှိ ​မင်း​ရာ​ဇာ​ရေ​စင် ​ကျား​ပိုက်​လုပ်​ငန်း​ရှင်​တ​ဦး​ကို ​ဆက်​သွယ်​မေး​မြန်း​ရာ ​တာဝန်​ရှိ​သူ​က ​အ​ခု​လို​ပြော​ပါ​တယ်။

“​လူ​တွေ​က​တော့ ​ဘာ​မှ​အ​န္တ​ရာယ်​မ​ရှိ​ဘူး​။ ​ရာ​သီ​ဥ​တု​က ​လေ​တိုက်​တော့ ​အ​လုပ်​သ​မား​တွေ​ကို ​ပင်​လယ်​အ၀ ​ပြန်​ခေါ်​လာ​တယ်။ ​ခေါ်​လာ​တော့ ​ဆင်း​ပြေး​တဲ့​သူ​တွေ​လည်း ​ရှိ​တယ်။ ​ပင်​လယ်​မှာ ​ထောင်​နေ​ရင်း​နဲ့ ​ပစ်​ထား​ခဲ့​တဲ့ ​သူ​တွေ​လည်း ​ရှိ​တယ်။ ​ပစ်​ထား​ခဲ့​တဲ့ ​ပိုက်​တွေ၊ ​ဖောင်​တွေ​က​တော့ ​ဆုံး​ရှုံး​မှု ​ရှိ​တာ​ပေါ့​။”

၂၀၀၈ ​ခု​နှစ်၊ ​မေ​လ ၂ ​ရက်​နေ့​က ​ဧ​ရာဝ​တီ​တိုင်း​နဲ့ ​ရန်​ကုန်​တိုင်း​တို့​ကို ၀င်​ရောက်​ခဲ့​တဲ့ ​နာ​ဂစ်​မုန်​တိုင်း​ကြောင့် ​လူ ၁ ​သိန်း​ခွဲ​လောက် ​သေ​ဆုံး​ခဲ့​ရ​သ​လို  ၂၀၁၀ ​ခု ​အောက်​တို​ဘာ​လ၂၂ ​ရက်​က ​ရ​ခိုင်​ပြည်​နယ်​ကို ၀င်​ရောက်​ခဲ့​တဲ့ ​ဂီ​ရိ​မုန်​တိုင်း​ကြောင့်​လည်း ​လူ ၁၅၀ ​လောက်​သေ​ဆုံး​ခဲ့​ရ​ပါ​တယ်။


Viewing all articles

Trending Articles