Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုး​လေ၀​သ​နှင့်​စ​ခန်း​များ ​ဂျ​ပန်​အ​ကူ​အ​ညီ​ဖြင့် ​ချိတ်​ဆက်​လုပ်​မည်

$
0
0

နေ​ပြည်​တော် ​မိုး​လေ၀​သ​ဌာ​န​အ​နေ​နဲ့ ​တ​ပြည်​လုံး​မှာ​ရှိ​တဲ့ ​ရာ​သီ​ဥ​တု ​တိုင်း​တာ​ရေး ​စ​ခန်း​တိုင်း​ရဲ့ ​အ​ချက်​အ​လက်​တွေ​ကို ​အ​ချိန်​နဲ့ ​တ​ပြေး​ညီ ​သိ​ရှိ​နိုင်​ဖို့ ​ဂျ​ပန်​က ​ပေး​တဲ့​ငွေ​ကြေး ​အ​ကူ​အ​ညီ​ယူ​ပြီး​  ​ချိတ်​ဆက်​လုပ်​ဆောင်​သွား​မယ်​လို့ ​မိုး​လေ၀​သ​ဌာ​န ​ညွှန်​ကြား​ရေး​မှူး ​ဦး​ချစ်​ကျော်​က  ​ပြော​ပါ​တယ်။

သ​ဘာဝ​ဘေး​အ​န္တ​ရာယ်​ကြောင့် ​ပေါ်​ပေါက်​လာ​မယ့် ​ရာ​သီ​ဥ​တု​အ​ခြေ​အ​နေ​များ ​စောင့်​ကြည့်​စ​နစ် ​ထူ​ထာင်​ဖို့ ​ဂျ​ပန်​အ​စိုး​ရ​က ​ဂျ​ပန်​ယန်း​ငွေ ၂၃၁ ​သန်း ​ထောက်​ပံ့ ​ကူ​ညီ​ပေး​မယ်​ဆို​တဲ့ ​သ​တင်း​နဲ့ ​ပတ်​သက်​ပြီး ​မေး​မြန်း​ရာ​မှာ ​သူ​က ​ခု​လို ​ပြော​ဆို​လိုက်​တာ ​ဖြစ်​ပါ​တယ်။

အ​ခု ​လုပ်​ဆောင်​နေ​တာ​နဲ့ ​ချိတ်​ဆက်​လုပ်​ဆောင်​ပြီး​ရင် ​ရ​လာ​မယ့် ​အ​ကျိုး​ကျေး​ဇူး​တွေ​ကို​လည်း ​သူ​က ​ခု​လို ​ပြော​ပါ​တယ်။

ဦး​ချစ်​ကျော်

“​အ​ရင်​က​တော့ ​ကျ​နော်​တို့​ဘာ​သာ ​တိုင်း​တယ်။ ​ပုံ​မှန်​သ​တင်း​တွေ ​တ​နေ့ ၃ ​ကြိမ်၊ ၄ ​ကြိမ် ​စ​ကား​ပြော​စက်​နဲ့ ​ကျ​နော်​တို့​ရုံး​ကို ​ပို့​တယ်။ ​ပို့​တဲ့​ဟာ​တွေ​ကို ​ကျ​နော်​တို့​က ​မှတ်​တမ်း​တွေ ​ယူ​တင်​တယ်။ ​အ​ရင်​တုန်း​က​တော့ hard copy ​အ​နေ​နဲ့ ​ထား​တယ်။ ​အ​ခု​နောက်​ပိုင်း soft copy ​အ​နေ​နဲ့ ​ထား​တယ်။ soft copy ​ဖြစ်​သွား​တော့ ​သု​တေ​သ​န​ပြု​လုပ်​သူ (researcher ​တို့​က ​ယူ​ပြီး​သုံး​တဲ့​အ​ခါ​ကျ​ရင် ​လွယ်​လွယ်​ကူ​ကူ ​လျင်​လျင်​မြန်​မြန် ​သုံး​နိုင်​တယ်။ ​အဲ​လို​မျိုး​လုပ်​နိုင်​တဲ့​အ​တွက် ​ဘယ်​လို​နေ​ရာ​တွေ​က ​ပို​ပြီး ​အ​စွန်း​ထွက်​တယ်။ ​ဘယ်​နေ​ရာ​တွေ​က​တော့ ​အ​စွန်း​မ​ထွက်​ဘူး​၊ ​ပုံ​မှန်​ပဲ​ဖြစ်​နေ​တယ်​ဆို​တာ​တွေ​ကို ​ပြည်​သူ​တွေ​ကို ​အ​ချိန်​နဲ့ ​တ​ပြေး​ညီ ​တင်​ပြ​နိုင်​တယ်။ ​အဲ​ဒီ​အ​ခါ​ကျ​ရင် ​ပြည်​သူ​တွေ​က ​အဲ​ဒီ​သ​တင်း​အ​ချက်​အ​လက်​တွေ​ကို ​အ​သုံး​ပြု​ပြီး ​စိုက်​ပျိုး​ရေး​လုပ်​တာ​ပဲ​ဖြစ်​ဖြစ်၊ ​မွေး​မြူ​ရေး​လုပ်​တာ​ပဲ​ဖြစ်​ဖြစ်၊ ​ကျန်း​မာ​ရေး​စောင့်ေ​ရှာက်​တာ​ပဲ​ဖြစ်​ဖြစ်၊ ​ခ​ရီး​သွား​တာ​ပဲ​ဖြစ်​ဖြစ် ​အဲ​လို​လုပ်​ငန်း​တွေ​မှာ ​ရာ​သီ​ဥ​တု​ပြောင်း​လဲ​မှု​ကြောင့် ​ထိ​ခိုက်​တာ​မျိုး​မ​ဖြစ်​ဘဲ ​လုပ်​ဆောင်​နိုင်​လာ​မှာ​ပေါ့​။”

ဂျ​ပန်​က ​ပေး​မယ့် ​ယန်း​ငွေ ၂၃၁ ​သန်း​ဟာ ​မိုး​လေ၀​သ​ဌာ​န​တ​ခု​ထဲ ​သုံး​ဖို့ ​မ​ဟုတ်​ဘဲ ​ပတ်​သက် ​ဆက်​နွှယ်​နေ​တဲ့ ​သစ်​တော ​စ​တဲ့ ​ဌာ​န​တွေ​နဲ့ ​ခွဲဝေ​သုံး​စွဲ​ရ​မယ်​လို့ ​ပြော​ပါ​တယ်။

နိုင်​ငံ​တ၀န်း ​မိုး​လေ၀​သ​စ​ခန်း​ပေါင်း ၆၀ ​ကျော် ​ရှိ​ပြီး ​နေ​ပြည်​တော်​နဲ့ ​အဲ​ဒီ​စ​ခန်း​တွေ ​ချိတ်​ဆက် ​လုပ်​ဆောင်​ဖို့ ၃ ​နှစ်​လောက် ​အ​ချိန်​ယူ​ရ​ဦး​မှာ ​ဖြစ်​ပါ​တယ်။


Viewing all articles

Trending Articles