Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုး​ရွာ​သွန်း​မှု​ကြောင့် ​ပဲ​ခူး​နှင့် ​မ​ကွေး​တိုင်း​တွေ​မှာ ​ရေ​ကြီး​ရေ​လျှံ​မှု​ဖြစ်

$
0
0

ပဲ​ခူး​တိုင်း​အေ​ရှ့​ပိုင်း ​တောင်​ငူ၊ ​ရေ​တာ​ရှည်​နဲ့ ​ဆွာ​မြို့​တွေ​မှာ ​မိုး​အ​ဆက်​မ​ပြတ် ​ရွာ​သွန်း​ပြီး ​ဆည်​ရေ ​လွှတ်​မှု​ကြောင့် ​ကျေး​ရွာ​တွေ​အ​ပြင် ​မြို့​တွင်း​ရပ်​ကွက်​တ​ချို့​မှာ ​ရေ​ကြီး​ရေ​လျှံ​မှု​တွေ ​ဖြစ်​ပွား​နေ​ပြီး ​အ​သေ​အ​ပျောက် ​ရှိ​နေ​တယ်​လို့ ​သိ​ရ​ပါ​တယ်။
ပြီး​ခဲ့​တဲ့ ​ရက်​ပိုင်း​က ​မိုး​အ​ဆက်​မ​ပြတ် ​ရွာ​သွန်း​မှု​ကြောင့် ​ပဲ​ခူး​တိုင်း ​တောင်​ငူ၊ ​ဆွာ​နဲ့ ​ရေ​တာ​ရှည်​မြို့​နယ်​တွေ​မှာ ​ရေ​ကြီး​ရေ​လျှံ​မှု​တွေ ​ဖြစ်​ပွား​နေ​တာ ​ဖြစ်​ပါ​တယ်။

မ​နေ့​ည​က​စ​ပြီး ​ဆွာ​ချောင်း​ရေး ​ရုတ်​တ​ရက်​ကြီး​လာ​ပြီး ​ရေ​ကြီး​ရေ​လျှံ​မှု ​ဖြစ်​ပွား​ခဲ့​တာ​ဖြစ်​ပြီး ​ဆွာ​မြို့​နယ် ​ဆွာ​မ​ကြီး​၊ ​ဆွာ​တောင်​ခန်း​နဲ့ ​ရေ​နှီး​သ​ရက်​တော ​အ​စ​ရှိ​တဲ့ ​ကျေး​ရွာ​တွေ​က ​ရွာ​သူ​ရွာ​သား​တွေ ​ဆွာ​မြို့​ပေါ်​ကို ​တက်​လာ​ပြီး ​ရေ​ဘေး​ခို​လှုံ​ကြ​တယ်​လို့ ​ဆွာ​မြို့​ခံ​တ​ဦး​က ​ဒီ​ဗွီ​ဘီ​ကို ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​ဆွာ​မ​ကြီး​အ​နောက်​ကုန်း​ရွာ​က ​ရွာ​သား ၂ ​ဦး ​ရေ​နစ်​သေ​ဆုံး​သွား​တယ်​လို့​လည်း ​အဲ​ဒီ​ဒေ​သ​ခံ​က ​ဒီ​ဗွီ​ဘီ​ကို ​အ​ခု​လို ​ပြော​ပါ​တယ်။
“​ရေ​က​တော့ ​ကြီး​နေ​တုန်း​ပဲ။ ​ရွာ​တွေ​က ​ရေ​မြှုပ်​တဲ့ ​အိမ်​ထောင်​စု​တွေ ​မြို့​ပေါ်​တက်​လာ​တယ်။ ​ရွာ ၄ ​ရွာ​လောက်​က ​အိမ်​ခြေ ၇၀၀ ​လောက်​ရှိ​တဲ့ ​အိမ်​ထောင်​စု​တွေ ​မြို့​ပေါ်​တက်​လာ​တယ်။ ​လက်​ရှိ​ကြား​တာ​က​တော့ ​လူ​နှစ်​ယောက်​သေ​တယ်။ ​နွား​တွေ​ကို ​ကုန်း​ပေါ်​မောင်း​ရာ​က​နေ ​နွား​ချည်​ထား​တဲ့ ​ကြိုး​နဲ့ ​ခြေ​ထောက်​တွေ​ကို ​ငြိ​ပြီး ​သေ​တယ်​ပြော​တယ်။ ​ဖ​အေ​လုပ်​တဲ့​အ​လောင်း​ကို​တွေ့​ပြီ​တဲ့ ​သား​လုပ်​တဲ့ ​အ​လောင်း​ကို​တော့ ​မ​တွေ့​သေး​ဘူး​တဲ့ ​လိုက်​ရှာ​တုန်း​ပေါ့​။”

ဒီ​လို ​ရေ​ကြီး​မှု​ကြောင့် ​ဆွာ​မြို့​ရဲ့ ၃ ​ပုံ ၁ ​ပုံ ​ရေ​နစ်​မြုပ်​နေ​ပြီး ​ရွာ​တွေ​ကို ​သွား​တဲ့ ​လမ်း​ပန်း ​ဆက်​သွယ်​မှု​တွေ ​ပြတ်​တောက်​မှု ​တွေ ​ရှိ​နေ​ပါ​တယ်။ ​တ​ခြား​မြို့​ကို​သွား​တဲ့ ​လမ်း​တွေ​မှာ​တော့ ​အ​နည်း​ငယ် ​အ​ခက်​အ​ခဲ​ရှိ​ပေ​မယ့် ​လမ်း​ပန်း​ဆက်​သွယ်​ရေး ​ပြတ်​တောက်​သွား​တာ​မ​ရှိ​ဘူး​လို့ ​တ​ခြား​မြို့​တ​ဦး​ဖြစ်​တဲ့ ​ဦး​လင်း​က ​ပြော​ပါ​တယ်။

အ​လား​တူ ​တောင်​ငူ​မြို့​မှာ​လည်း ​အ​နီး​အ​နား​က ​ဆည် ၄ ​ခု​က ​ရေ​လွှတ်​လိုက်​တဲ့​အ​တွက် ​တောင်​ငူ​မြို့​ရဲ့ ​အ​နိမ့်​ပိုင်း​ရပ်​ကွက်​တွေ​ဖြစ်​တဲ့ ​ကြက်​လျှာ​စွန်း​၊ ​မိုး​ကောင်း​၊ ၉​နဲ့ ၁၀ ​ရပ်​ကွက်​တွေ​မှာ ​ရေ၀င်​ပြီး ​ကယ်​ဆယ်​ရေး ​လုပ်​ဆောင်​ထား​ရ​တယ်​လို့ ​မြို့​ခံ​တ​ဦး​ဖြစ်​တဲ့ ​ဦး​အောင်​ဇေ​ယျ​က ​ပြော​ပါ​တယ်။

“​ဘုန်း​ကြီး​ကျောင်း​တွေ​မှာ ​တ​ချို့​နေ​ကြ​တာ​ရှိ​တယ်။ ​အိမ်​ပေါ်​မှာ ​စင့်​ထိုး​ပြီး​နေ​ကြ​တာ​ရှိ​တယ်။ ​မိုး​က​တော့ ​ဒီ​နေ့​ပဲ​မ​ရွာ​တာ။ ​အ​ရင်​နေ့​က​တွေ​က ​သုံး​ရက် ​လေး​ရက်​လောက် ​ဆက်​တိုက်​ရွာ​တာ။ ​မ​နေ့​က​နဲ့ ​ဒီ​နေ့ ​နေ​ပူ​ပြီး​တော့ ​ရေ​တက်​လာ​တော့ ​ဆည်​တွေ​က​နေ ​ရေ​လွှတ်​တယ်​လို့​ပြော​တယ်။ ”

နေ​ပြည်​တော် ​ဇေ​ယျာ​သီ​ရိ​မြို့​နယ်​မှာ​လည်း ​မိုး​သည်း​ထန်​စွာ ​ရွာ​သွန်း​မှု​ကြောင့် ​ကျေး​ရွာ​တ​ချို့ ​ရေ​နစ်​မြှုပ်​မှု​တွေ​ဖြစ်​သ​လို ​လယ်​ကွင်း​တ​ချို့​လည်း ​ရေ​နစ်​မြှုပ်​မှု ​ဖြစ်​ပွား​ခဲ့​တယ်​လို့ ​သိ​ရ​ပါ​တယ်။

အ​လား​တူ ​မ​ကွေး​တိုင်း​ဒေ​သ​ကြီး ​တောင်​တွင်း​ကြီး​မြို့​က​မှာ​လည်း ​အောက်​တို​ဘာ ၂၅ ​ရက်​နေ့​က​နေ ၂၈ ​ရက်​အ​ထိ ​ဆက်​တိုက် ​မိုး​ရွာ​သွန်း​ပြီး​နောက် ​ရေ​မြောင်း​တွေ ​ပိတ်​ဆို့​နေ​တဲ့​အ​တွက် ​တောင်​ပြင် ၁ ​ရပ်​ကွက်၊ ၂ ​ရပ်​ကွက်​နဲ့ ​အုန်း​တော ၁ ​ရပ်​ကွက်​တွေ​မှာ ​ရေ​ကြီး​ရေ​လျှံ​မှု ​ဖြစ်​ပွား​နေ​ပါ​တယ်။

အဲ​ဒီ​ရပ်​ကွက်​တွေ​မှာ ​နှစ်​စ​ဉ် ​မိုး​များ​တဲ့​ကာ​လ​ရောက်​တိုင်း ​ရေ​ကြီး​ရေ​လျှံ​မှု​တွေ ​ဖြစ်​ပေါ် ​တတ်​ပြီး ​ရေ​ပြန်​ကျ​ဖို့ ​ကြာ​နေ​တတ်​တာ​ကြောင့် ​ရေ​မြောင်း​တွေ​မှာ ​ရေ​စီး​ရေ​လာ ​ကောင်း​အောင် ​တာဝန်​ရှိ​သူ​တွေ​က ​ပြု​ပြင်​ပေး​ဖို့ ​ဒေ​သ​ခံ​တွေ ​လို​လား​နေ​ပါ​တယ်။

လော​လော​ဆယ်​မှာ​တော့ ​အိမ်​ခြေ ​ရာ​နဲ့​ချီ ​နစ်​မြုပ်​နေ​ပြီး ​လူ​ဦး​ရေ ​ထောင်​နဲ့​ချီ ​ရေ​ဘေး​ဒု​က္ခ ​ကြုံ​တွေ့​နေ​ရ​ပါ​တယ်။ ​ရေ​ဘေး​ဒု​က္ခ ​ကြုံ​တွေ​နေ​ရ​တဲ့ ​ဒေ​သ​ခံ​တွေ​အ​တွက် ​နေ​ထိုင်​စား​သောက်​ဖို့ ​အ​ကူ​အ​ညီ​တွေ​လည်း ​လို​အပ်​နေ​ပါ​တယ်​လို့ ​ပြည်​တွင်း​က ​ဒီ​ဗွီ​ဘီ​သ​တင်း​ထောက်​ရဲ့ ​သ​တင်း​ပေး​ပို့​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။
အ​လား​တူ ​နွား​ကူး​ချောင်း​ရေ​ကြောင့် ​မင်း​ဘူး​-​စ​ကု ​ကား​လမ်း​မ​မှာ ​တ​န​င်္ဂ​နွေ​နေ့ ​ည​နေ​ပိုင်း​က​စ​ပြီး ​ရေ​နစ်​မြုပ်​နေ​တာ​ကြောင့် ​ယာ​ဉ်​ကြီး​တွေ​သာ ​သွား​လာ​နိုင်​ပြီး ​ယာ​ဉ်​ငယ်​တွေ ​သွား​လို့​မ​ရ ​ဖြစ်​ခဲ့​ပါ​တယ်။ ​ဆိုင်​ကယ်​တွေ​ကို​တော့ ​နွား​လှည်း​တွေ​က ၁ ​စီး ၂၀၀၀ ​ကျပ်​နှုန်း​နဲ့ ​လှည်း​ပေါ်​တင်​ပြီး ​ပို့​ပေး​ပါ​တယ်။ ​စ​ကု​မြို့ ​အ​မှတ် ၁၊ ၂​နဲ့ ၃ ​ရပ်​ကွက်​တွေ ​ရေ​နစ်​မြုပ်​နေ​သ​လို ​စ​ကု​မြို့​နယ် ​ပြည်​သူ့​ဆေး​ရုံ​ပါ ​ရေ​နစ်​မြုပ်​နေ​တဲ့​အ​တွက် ​ဆေး​ရုံ​က ​လူ​နာ​တွေ​ကို ​စ​ကု​မြို့ ​လွတ်​လပ်​ရေး​ပန်း​ခြံ​ထဲ​က ​အ​ဆောက်​အ​ဦး ​တ​ခု​ထဲ ​ပြောင်းေ​ရွှ့​ထား​ပါ​တယ်။

ယ​ခု​နှစ် ​ရေ​နစ်​လို့ ​ဆေး​ရုံ​က ​လူ​နာ​တွေ ​ပြောင်း​ရ​တာ ၃ ​ကြိမ် ​ရှိ​သွား​ပြီ​လို့ ​စ​ကု​ဆေး​ရုံ​က ​တာဝန်​ခံ​ဆ​ရာဝန်​က ​ပြော​ပါ​တယ်။

အိမ်​နစ်​မြှုပ်​နေ​သူ​တွေ​ကို ​ဘု​ရား​တွေ​နဲ့ ​ဓ​မ္မာ​ရုံ​တွေ​မှာ ​ကယ်​ဆယ်​ရေး​စ​ခန်း ၃ ​ခု ​ဖွင့်​ပေး​ထား​ပြီး ​မြို့​ခံ​တွေ​က ​ထ​မင်း​ထုပ်​တွေ ဝေ​ပေး​တယ်​လို့ ​ဆို​ပါ​တယ်။ ​စ​ကု​မြို့ ​အ​ထ​က ၁ ​ကျောင်း ​အ​ပါ​အ၀င် ​မူ​လ​တန်း​ကျောင်း​တွေ ​ပိတ်​ထား​ခဲ့​ရ​ပြီး ​ရေ​ပြန်​ကျ​မှ ​ပြန်​ဖွင့်​မယ်​လို့ ​သိ​ရ​ပါ​တယ်။

အ​ခု​ရေ​ကြီး​မှု​ဟာ ​သာ​မန်​မိုး​များ​ပြီး ​ရေ​ကြီး​မှု​ထက် ​ကျောက်​န​သိုး​ဆည်​နဲ့​ ​အိုင်း​မ​ဆည်​တွေ​က ​ရေ​လွှတ်​ချ​လိုက်​တာ​ကြောင့် ​အ​ခု​လို ​ဆိုး​ဆိုး​၀ါး​၀ါး ​ရေ​ကြီး​တာ ​ဖြစ်​နိုင်​တယ်​လို့ ​ဒေ​သ​ခံ​တွေ​က ​ပြော​ဆို​နေ​ကြ​တဲ့​အ​ပြင် ​န​အ​ဖ​စစ်​အ​စိုး​ရ​လက်​ထက် ​ရ​ထား​လမ်း​အ​တွက် ​မန်း​ချောင်း​ကို ​ဖြတ်​ဖောက်​ခဲ့​တဲ့ ​တံ​တား​ဟာ ​ရေ​ထွက်​ပေါက် ​မ​ကောင်း​တဲ့ ​အ​တွက် ​စ​ကု​မြို့​ကို ​တာ​ရိုး​ပိတ်​ထား​သ​လို ​ဖြစ်​နေ​တာ​ကြောင့် ​မိုး​ရွာ​လာ​တိုင်း ​ရေ​ကြီး​ရေ​လျှံ​မှု​တွေ ​ဖြစ်​နေ​တာ​လို့ ​ဒေ​သ​ခံ​တွေ​က ​ဆို​ပါ​တယ်။

ရေ​ကြီး​မှု​ကြောင့် ​ရိတ်​သိမ်း​ဆဲ ​စ​ပါး​ပင်​တွေ​လည်း ​ရေ​နစ်​မြုပ်​ခဲ့​တာ​ကြောင့် ​ဒီ​နှစ် ​စ​ပါး​အ​ထွက် ​လျော့​နည်း​နိုင်​တယ်​လို့ ​တောင်​သူ​တွေ​က ​ပြော​ဆို​နေ​ကြ​ပါ​တယ်။


Viewing all articles

Trending Articles