Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုင်းဖြတ်တွင် လေပြင်းတိုက်မှုကြောင့် နေအိမ်နှင့်စာသင်ကျောင်းများ ပျက်စီး

$
0
0

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း သြဂုတ် ၁၉ ရက် ညနေ ၆ နာရီခွဲ က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေ ပျက်စီးခဲ့ပါတယ်။

မိုးသက်လေပြင်းကြောင့် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးပေါ် လျှပ်စစ်မီးတိုင်နဲ့ သစ်ပင်တွေ လဲပြို ကျိုးကျပြီး၊ မီးကြိုးတွေပြတ်တောက်ခဲ့ကာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေက လူနေ အိမ် ၃၄ အိမ်၊ စာသင်ကျောင်း ၂ ကျောင်း၊ ဘုရားရှိခိုးကျောင်း ၂ ကျောင်းနဲ့ စပါးကျီ ၃ လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်က သတင်းထုတ်ပြန်ပါတယ်။

လဲပြိုကျိုးကျပျက်စီး ပိတ်နေတဲ့ သစ်ပင်တွေ၊ လျှပ်စစ် မီးတိုင် ၂ တိုင်နဲ့ မီးကြိုးတွေကို ခရီးသွားလာရေး အဆင်ပြေဖို့အတွက် တာဝန်ရှိသူတွေက ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဆားလို့ကျေးရွာ အုပ်စု၊ တောညုကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဆီမွန်းကျေးရွာအုပ်စု၊ နမ့်ယွန်းကျေးရွာအုပ်စု၊ နမ့်ကုန်းကျေးရွာအုပ်စု ကောင်းမူကျေးရွာအုပ်စု အစရှိတဲ့ ကျေးရွာအုပ်စုတွေက နေအိမ်၊ ဘုရားရှိခိုးကျောင်းနဲ့ စာသင်ကျောင်းတွေ ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပြီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၁၄၀၀၀ သန်း လောက်ရှိကြောင်း. လေဘေးသင့် အိမ်ထောင် မိသားစုတွေအတွက် တာဝန်ရှိသူတွေက ကူညီပေးနေတယ်လို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ – မြို့နယ် ပြန်/ဆက်

 

The post မိုင်းဖြတ်တွင် လေပြင်းတိုက်မှုကြောင့် နေအိမ်နှင့်စာသင်ကျောင်းများ ပျက်စီး appeared first on DVB.


Viewing all articles

Trending Articles