Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မော်လိုက်မြို့ အရှေ့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ မြေငလျင်လှုပ်

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အရှေ့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၃ မြေငလျင်တခု ဒီနေ့ မနက်ပိုင်း လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၈ နာရီ ၄၂ မိနစ် ၄၈ စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၅၈ မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့ အရှေ့မြောက်ဘက် ၂၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကိုတော့ မသိရှိရသေးပါဘူး။

The post မော်လိုက်မြို့ အရှေ့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ မြေငလျင်လှုပ် appeared first on DVB.


Viewing all articles

Trending Articles